အပိုင်း ၄၇

6.2K 523 52
                                    

ဆက်ထင်အစည်းအဝေးအခန်းထဲတွင်စားပွဲလက်တတောက်တောက်ခေါက်ရင်းစိတ်မရှည်ဟန်ရှိသည်။အလယ်မှထွက်စကားပြောနေသည့်သူတွေဟာ လိုရင်းမရောက်နိုင်ပဲ ရှည်လျားနေသည်မလို့ နားထောင်ရင်းသက်ပြင်းချနေရသည်မှာအကြိမ်ပေါင်းမနည်းပေ။

''အရည်မရအဖက်မရတွေပြောလို့ပြီးကြပြီလား ကျုပ်မယ်အရေးကြီးလုပ်စရာရှိသေး''

ဆက်ထင်နာရီတကြည့်ကြည့်နှင့်ဘယ်တော့
လောက်ပြီးမလဲပြီးမလဲဟုစောင့်နေရင်းစိတ်မရှည်တော့၍အစည်းအဝေးအခန်းထဲ ထ ပြောလိုက်ခြင်းဖြစ်သည်။

ထိုအခါ ဘေးကထိုင်နေသည့် အေးကိုဟာအသံခပ်ကြိတ်ကြိတ်နှင့်။

''ကိုဆက်ထင်ဘယ်လိုများပြောလိုက်သလဲခဗျာ''

အစည်းအဝေးအခန်းထဲတွင် မြို့ဝန် များ အရာရှိပေါင်းများစွာနှင့် ကုန်သည်များလုပ်ငန်းရှင်များလမ်းခင်းဖို့ရာတိုင်ပင်၍ အစည်းအဝေးလုပ်နေခြင်းဖြစ်သည်။ အချိန်တန် ငွေကောက်မှာပဲဖြစ်တာကြောင့် အခြားစကားတွေကြာကြာနားမထောင်နိုင်တော့။

''လမ်းခင်းဖို့ရာကျုပ်အများဆုံး မ တည်ငွေထည့်ပေးပါမယ် လိုအပ်သလောက်စာသာပို့လိုက်ပါ''

''ဟာ ဝမ်းသာစရာပါပဲ သူဌေးမင်းရယ်''

ဆက်ထင် ထိုင်ရာကထလိုက်သည့်အခါ အားလုံးပါမတ်တပ်ရပ်သွားကြပြီးနောက် ။

''ကျုပ်ထနှင့်ပြီ ဆက်ဆွေးနွေးကြပါ''

သိဒ္ဓိကအကဲခတ်နေသည့်မျက်လုံးများနှင့်ကြည့်လာသည်မလို့ ထိုအရာကိုဆက်ထင်လျစ်လျူရှုလိုက်ပြီးအစည်းအဝေးအခန်းအတွင်းမှထွက်လာခဲ့သည်။

မနက်၉နာရီဝန်းကျင်မလို့ရာသီဥတုဟာသာယာလျက်ငှက်သံတို့ကလည်းတဆာဆာ။ ကားအနားရောက်သည့်အခါ အနီးနားလဖ္ဘက်ရည်ဆိုင်အတွင်းမှ ဒရိုင်ဘာကအလျင်မြန်ထလာပြီးဆက်ထင်အနားသို့ပြေးလာသည်။

''သူဌေးမင်း နေ့လည်မှပြီးမယ်ဆို''

''ကျုပ်အရေးကြီးကိစ္စရှိလို့ထထွက်လာခဲ့ရဲ့မောင်ရင် အိမ်ကိုမြင်းလှည်းစီးပြန်လိုက်ချေ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now