အပိုင်း ၂၂

5.7K 432 5
                                    

''ဘယ်နှယ့်ရည်းစားထားမှာလဲ မထားရဘူး''

''လုပ်စမ်းပါဝင်းကိုရဲ့ တစ်ယောက်လောက်ပဲကွာမချောမလှလဲရတယ်အရေးကြီးတာမိန်းကလေးတစ်ယောက်နဲ့နီးနီးကပ်ကပ်ရှိရရင်ရပြီ''

ခတ္တာကိုယ့်ကိုယ်ကိုယ် Gay လို့မခံယူနိုင်သေး။မဟုတ်သေး...တကယ်လို့တကယ်ပဲအဲ့လိုဖြစ်နေရင်တောင် ရအောင်ပြောင်းလဲချင်သည်မလို့ ဦးမျိုးဆက်ပေါ်ခတ္တာထားရှိနေတဲ့မရိုးသားတဲ့စိတ်တွေအားအစားထိုး၍ဖယ်ထုတ်ပစ်ရမည်။ နေညိုသွေးဘဝ ၂၁ရာစုတွင် ခတ္တာဟာ ယောကျာ်းစစ်စစ်ဖြစ်သည့်အပြင် မိန်းကလေးများနှင့်သာ လိင်စိတ်ဆန္ဒရှိသည်။မိန်းကလေးများနှင့်သာတွဲခဲ့ပြီး အနုပညာရှင်Gay တချို့ Makeup artist Style list များနှင့်နီးနီးကပ်ကပ်နေခဲ့သော်လည်း တစ်ခါမှစိတ်ယိမ်းယိုင်ခြင်းတောင်မရှိခဲ့ ဘာကြောင့်များခတ္တာခန္ဓာကိုယ်ထဲရောက်မှ ယောကျာ်းသားတစ်ယောက်ပေါ်ဒီလိုစိတ်မျိုးရှိနေရတာလဲမသိ။

ဒီအခြေနေကိုသဘောမကျဘူးမဟုတ် ဦးမျိုးဆက်ထင်ရဲ့ဂရုစိုက်မှုတွေမှာပျော်ဝင်မိသော်လည်းဒါတွေဟာခတ္တာတွက်အန္တရယ်တွေချည်း တစ်ချိန်ချိန်ဖွင့်ဟဝန်ခံမိလာတဲ့အချိန် ဦးမျိုးဆက်ထင်မုန်းသွားလောက်သည် ရွံသွားလောက်သည်။သေချာပေါက်ဦးမျိုးဆက်ထင်ဟာ ခတ္တာပေါ်မေတ္တာပေးထားပေမယ့်ဒါတွေဟာဖြူဖြူစင်စင်နှင့် ခတ္တာလိုမရိုးသားစိတ်မပါလောက် သူ့လိုနာမည်ရှိဂုဏ်နဲ့သိက္ခာအသိုင်းဝိုင်းကြီးထဲကလူမျိုးဟာခတ္တာကိုဒီလိုမျက်နှာသာပေး ဂရုစိုက်ပေးတာနှင့်တင် သာမာန်လူတစ်ယောက်အနေနှင့်လုံလောက်နေပြီမလား။

ခတ္တာအားလုံးကိုတွေးမိပြီးအားလုံးကိုစဥ်းစားထားမိသည်။အခုတောင်ထားထားခင်ဆိုရဲ့ဦးမျိုးဆက်ထင်ရည်းစားဟောင်းကအိမ်ကြီးပေါ်ထိရောက်လာသည်။သူတို့ဘယ်အခြေနေထိရောက်ခဲ့လဲ ဘယ်လောက်ထိနီးစပ်ခဲ့လဲဆိုတာ စဥ်းစားလိုက်တိုင်းအတော်လေးနာကျင်ရသည်။ ကိုယ့်ကိုယ်ကိုယ်လဲနားမလည် နေညိုသွေးဆိုတဲ့​ကောင်ဘယ်တုန်းကဒီလောက်ထိပျော့ညံ့ပြီး ယောကျာ်းတစ်ယောက်တွက်များရင်ထဲအသည်းထဲထိတနင့်တပိုးခံစားသွားရတာလဲ ယောကျာ်းတစ်ယောက်ရှေ့ဘာကြောင့်များကလေးဆန်ပြီးပျော့ညံ့နေရသလဲဆိုတာ။ Straightဟု နေညိုသွေးဘဝတွင် ကြွေးကြော်ခဲ့သမျှအားလုံးသဲထဲရေသွန်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Nơi câu chuyện tồn tại. Hãy khám phá bây giờ