အပိုင်း ၅၆

5.2K 408 15
                                    

''အဲ့ဒီစေ့စပ်ပွဲ...လုပ်ကြတာပေါ့''

ဦးခင်ဇော်ရဲ့မျက်နှာမှာအပြုံးပန်းတို့ဝေဆာသွားသည်။ထို့အတူ အရာအားလုံးဆုံးရှုံးရခါနီးအခြေအနေတွင် ဆက်ထင်ဒေါသကိုထိန်းချုပ်ထားရသည်။ဒီလိုမှမဟုတ်လျှင် ဆက်ထင်အတွက် အချိန်ယူဖို့ရာ လမ်းကြောင်း မရှိ ။ နည်းလမ်းတကျဖြေရှင်းရမည့်အရာအား ၅ရက်တာကာလတွင်းအကောင်ထည်ဖော်လို့ရမည်ဟု မထင်သည့်အတွက် နောက်ဆုံးဒီအရာကိုသာရွေးချယ်လိုက်သည်။

''မြို့ထဲမယ်သတင်းလွှင့်လိုက်ချေ''

ဦးခင်ဇော်ဟာ သူရဲ့တပည့်အားလှမ်းပြောလိုက်သည့်အခါတွင် ထိုသူကခေါင်းတချက်ငြိမ့်၍ထွက်သွားသည်။

''သိပ်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပါပဲ''

''၂ရက်အတွင်းကျုပ် ကုန်ကြမ်းတွေအတွက်ခွင့်ပြုစာလိုချင်ရဲ့''

''ကောင်းပြီလေ ဒါဖြင့်စေ့စပ်ပွဲကိုလည်းရက်ရာဇာရွေးပြီးမောင်ရင်ထံစာပို့လိုက်ပါမယ်''

ဆက်ထင်ထိုင်ရာမှထလိုက်၍ ခြောက်ကပ်ကပ်ရယ်မောရင်း ဦးခင်ဇော်အားလှမ်းကြည့်လိုက်သည်။

''ကောင်းပြီ''

ဦးခင်ဇော်၏ရယ်သံဟာထိုအခန်းကျယ်တွင်းပျံ့လွှင့်သွား၏။ရင်ထဲကအပူမီးဟာ ဘယ်အရာနှင့်မျှငြိမ်းသက်လို့ရမယ်ဟုမထင် လက်သီးကိုကျစ်ကျစ်ပါ​အောင်ဆုပ်ထား၍ ထိုနေရာမှထွက်လာခဲ့လိုက်သည်။

လောကတွင်မတည်မြဲသည့်အရာအား မျောက်နှာစေးသကဲ့သို့ မတော်လောဘထားနေသည့် ဦးခင်ဇော်ရဲ့ရူးသွပ်မှုကို ဆက်ထင်ချုပ်သိမ်းပေးရမည်။အခု​တော့ဆက်ထင်အား ဒီလိုအရာလေးလောက်နှင့်အနိုင်ယူလိုက်ရပြီဟုထင်မှတ်ပြီး ဦးခင်ဇော်တစ်ယောက်ကျိန်းသေပျော်ရွှင်နေလောက်၏။

''အသိဉာဏ်တိမ်လိုက်ပုံများ...''

ဒီလိုမရှောင်လွဲနိုင်သည့်အချင်းအရာများတစ်နေ့နေ့တစ်ချိန်ချိန်တွင်ဖြစ်လာမည်ဟုကြိုတင်တော့တွေးထားမိသော်လည်း အနှေးနဲ့အမြန်ကွာ၍ ဖြစ်လာခဲ့သည်။ ယခင်ကလို တစ်ယောက်တည်းသာဆိုလျှင် ဒီလိုတွေဝေခြင်းမရှိပါပဲ လုပ်သင့်သည်များကိုမဆိုင်းမတွလုပ်လိုက်ပြီဖြစ်သည်။ သို့သော်ယခုလက်ရှိအခြေအနေက မောင်ခတ္တာရှိနေပြီဖြစ်တဲ့အတွက်ဆက်ထင်အတွက်စဥ်းစားစရာတွေဟာသိပ်များလာ၏။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now