အပိုင်း ၁၄

6.7K 532 9
                                    

''ဒါဆိုပြန်ပြီနော် သားမက်ကလေးဖြစ်သွားပြီဆိုတော့နောက်ခဏခဏတွေ့ရတော့မှာပေါ့ဒေါ်ဒေါ်ရဲ့''

''အမလေးတော် ဟုတ်ပါပြီသားမက်ကလေးရယ်''

ပန်းသည်အဒေါ်ကြီးက ရွှင်ပြုံးစွာပြောလာသည်။ခတ္တာပန်းဖိုးရှင်းပြီးသည့်နောက် ပန်းစည်းကြီးကိုပိုက်ကာ နေပူကျဲထဲလမ်းလျောက်လာရသည်။ နေရောင်ထိရင်ကိုစပ်ဖြင်းဖြင်းဖြစ်သည့်အသားအရည်ကတကယ်မမိုက်။ခတ္တာကခန္ဓာကိုယ်က မွေးကင်းစကလေးခန္ဓာကိုယ်လို့နုနယ်လွန်းနေသည်။

''အရီးတို့ဆိုသည့်မှာပန်းလဲရမှာဆိုရင်လဲမနက်နိုးထဲကပြောရင်စောစောစီးစီးသွားဝယ်မှာပေါ့ အခုတော့နေပူကျဲတဲကြီးထဲလမ်းလျှောက်နေရတယ်စျေးထဲဘယ်ဆော်မှလဲမရှိတော့ဘူး Shit shit! ''

ခတ္တာ မော့ကြည့်ကာ ခေါင်းပေါ်ကအပူလုံးကြီးအား လက်ခလယ်ထောင်ပြလိုက်သည်။ဒါတောင်ဒီခေတ်မှာ သိပ်မပူတာ ၂၁ရာစုမှာနွေရာသီဆို မနက် ၁၀ နာရီကစလို့ညနေ ၅နာရီထိ လူတွေ ငါးခြောက်ကိုမီးနဲ့ကြပ်တိုက်ထားသလို ပူလောင်နေရော။

''အာ့...''

ခတ္တာ​​နေကိုကြည့်၍လမ်းလျှောက်ရင်းသစ်သားပုံးကြီးတစ်ပုံးကိုခလုတ်တိုက်မိသွားသည်။ခြေမထိပ်နာသွားတာကြောင့် ခြေထောင့်တမြှောက်မြှောက်နှင့် ခတ္တာယိုင်ထိုးနေ၏။

''ပြာယာကိုခပ်နေရောပဲ မောင်ခတ္တာ''

အနောက်မှထွက်လာသည့်အသံကြောင့်ခတ္တာလှည့်ကြည့်လိုက်တော့ ဦးမျိုးဆက်ထင်ဖြစ်နေသည်။တိုက်ပုံအင်္ကျီအနက်ရောင်နှင့်အတူ အောက်ခံအင်္ကျီလက်ရှည်အဖြူနှင့် အောက်က မြကွက်ပုဆိုး ခဲရောင်ကိုဝတ်ဆင်ထားသည့်ပုံစံက အရမ်းကိုခန့်ညားလွန်းနေသည်။ ထိုသူဟာခတ္တာနားသို့တလှမ်းချင်းလှမ်း၍လျှောက်လာသည်။

Shit! ငါ့ရင်ဘတ်

နှလုံးခုန်သံဟာတစတစမြန်ဆန်၍ ပြင်းထန်လာသည်ကရုတ်တရက်မြင်လိုက်ရတာကြောင့်ပဲဖြစ်ပါစေ။

''မှန်းစမ်း ခြေထောက်ထိသွားသေးလား''

ဦးမျိုးဆက်ထင်က ခတ္တာလုံချည်အားသူ့လက်နှင့်နည်းနည်းလေး မ လိုက်ပြီးခြေထောက်ကိုငုံ့ကြည့်လာသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now