အပိုင်း ၁၆

6.3K 481 3
                                    

ဒီနေ့ဟာ ခတ္တာရဲ့ပထမဆုံးကျောင်းတက်ရက်ဖြစ်သည် ခတ္တာရန်ကုန်တက္ကသိုလ်ဝန်းထဲတွင်ကျောင်းမတက်ဖူး။ Photo Shooting နဲ့ တခြား Mtv ကိစ္စတွေကြောင့်သာရောက်ဖူးသည်။ ဘာမှထွေထွေးထူးထူးပြောင်းလဲခြင်းမရှိ ၂၁ရာစုကတက္ကသိုလ်ဝန်းထပ် ပို၍ သန့်ပြန့်ပြီး ရှင်းလင်းနေသည်။ ၂၁ရာစုတွင်အဟောင်းတိုင်းမြင်ရသည့်ကျောင်းဆောင်တို့မှာအခုတော့သစ်သစ်လွင်လွင်ပင်။ ကျောင်းသူများကလဲ ကိုယ်တိုင်းချုပ်ထားသည့်ရင်ဖုံးနှင့်ထမိန်ကိုဝတ်ဆင်ကြသည့်အတွက် ကိုယ်လုံးအလှမှာပေါ်လွင်နေ၏။ကျောင်းသားတွေကလဲ တချို့က ပလေကပ်ပုဆိုးနှင့်ဖျင်အင်္ကျီ တချို့ကတော့ လည်ကတုံးလက်ရှည် မြကွက်ပုဆိုး ပိုးပုဆိုးများကိုဝတ်ဆင်ထားသည်။ကြည့်လိုက်တာနှင့်ဘယ်သူကလူလတ်တန်းစား ဘယ်သူကအထက်တန်းစားလဲဆိုတာ သိသာ၏။

ခတ္တာ စက်ဘီးလေးကိုကျောင်းဝန်းထဲကိုတွန်းရင်းဟိုဟိုဒီဒီလိုက်ငေးမောကြည့်မိသည်။ ဒီဘက်ခေတ်ကကျောင်းသူများကအတော်လေးကိုလှပကြပြီး ဆံပင်ဟာလဲခါးသို့မဟုတ်တင်ပါးထိရှည်ကြသည်။

ရှေ့နားသစ်ပင်အောက်ခုံတန်းတွင်ထိုင်နေကြသည့်မိန်းကလေးတစ်စုနားတွင်ခတ္တာစက်ဘီးလေးတွန်းလာရာမှရပ်လိုက်၏။

''ဒီကအမတို့ခဗျ ပါမောက္ခဦးသန်းကျော် ရုံးခန်းကိုသိချင်လို့ပါ''

ခတ္တာအမေးကြောင့်အားလုံးအကြည့်ကခတ္တာထံရောက်ရှိလာပြီး ဘယ်သူ့မှတော်တော်နှင့်စကားပြန်မပြောကြ။

''အို... ယူကသိပ်ချောတာပဲ ဘယ်နှစ်ကလဲ''

သိပ်ကိုလှပသည့်မိန်းကလေးက ခတ္တာအားခပ်ကျယ်ကျယ်ပြန်မေးလိုက်သည်မလို့ခတ္တာကြောင်အသွားသည်။

''ရီရီဟာလေ အခုမှတွေ့တဲ့သူကိုသိပ်ပွင့်လင်းတာပဲကွာ''

ထိုမိန်းကလေးဟာ သူ့နှုတ်ခမ်းကိုသူလက်ကလေးနှင့်အုပ်ကာ ခပ်ဖွဖွလေးရယ်သည်။ ထို့နောက်ခတ္တာအားကြည့်လာပြီး မျက်ခုံးပင့်ပြသည်။

''ပထမဆုံးကျောင်းတက်တဲ့နေ့ပါခဗျ အင်္ဂလိပ်စာဌာနကပါ''

''အို ငယ်သေးတာပဲ တော်ပါပြီ ကလေးကိုမစတော့ပါဘူးကွာ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now