အပိုင်း ၆၂

5.9K 467 24
                                    

''အဆင်ပြေရဲ့လားဗျ ခေါင်းကိုက်သေးလား''

နားထင်နှင့်နှဖူးတစ်လျှောက်ဖြတ်ပြေးသည့်လက်ချောင်းသွယ်သွယ်လေးတွေရဲ့ပိုင်ရှင်လေးဟာစိုးရိမ်တကြီးနှင့်မေးလာသည်။အမှန်တကယ်တော့ခန္ဓာကိုယ်ဟာအတော်လေးပင်သက်သာလာပြီးဘာဝေဒ နာမှမရှိတော့အောင်ကိုပျောက်ကင်းနေပြီဖြစ်သည်။

ဒီကလေးဟာအိမ်အနောက်ကလူတွေနှင့်သူ့ကြောင်ဆီပဲစိတ်ရောက်ရောက်နေသည်မလို့ အနားမှာရှိစေရန် တစ်နေရာမဟုတ်တစ်နေရာ ဟန်ဆောင်ပန်ဆောင်နှင့်နာကျင်ပြရ၏။ထိုအခါမှလူကြီးလေးသဖွယ်စိတ်ပူပေးပြီး ပါးစပ်ကလေးကလည်းတတွတ်တွတ်နှင့်ဆူပူလာသည့်အခါ အကျေနပ်ကြီးကျေနပ်မိသည်။

''ဦးထင် ခေါင်းကိုက်နေသေးလားလို့ဗျာ''

''အနည်းငယ်ပါပဲ''

နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်လုံးများကိုမှိတ်၍ခပ်တိုးတိုးပြောလိုက်သည့်အခါတွင် မောင်ခတ္တာရဲ့သက်ပြင်းချသံဟာကျယ်လောင်စွာထွက်ပေါ်လာသည်။

''ကျွန်တော်ပြောတယ်မလား အလုပ်ကိုနားနားပြီးလုပ်ပါ ဆက်တိုက်ကြီးအာရုံမစိုက်ပါဦးလို့ဆိုတာ မျက်မှန်ကို၂နာရီလောက်တပ်ထားတော့ဒီခေါင်းကမမူးပဲမကိုက်ပဲနေမလားဗျ''

တောင့်တနေသည့်ဆူပူသံကိုကြားလိုက်ရသည့်အခါ ရယ်မောချင်စိတ်အားထိန်းထားရ၏။ မောင်ခတ္တာဟာအလိုလိုနေရင်းကိုချစ်စဖွယ်ရာဖြစ်နေသည် အထူးသဖြင့်ဒီလိုပူညံပူညံနှင့်လူကြီးလေးလုပ်နေသည့်အခါမျိုးတွင်တင်းတင်းကြပ်ကြပ်ဖက်ထားပြီးရင်ခွင်ထဲထည့်ထားချင်စရာကောင်းလောက်အောင်ပင်။

''ကျွန်တော်ပြောတာကြားရဲ့လားဗျာ''

''ကြားပါရဲ့မောင်ခတ္တာရယ်''

''ကြားတယ်ဆိုပြန်ပြောရမယ်လေ ဒါကောင်းတဲ့အလေ့အကျင့်တစ်ခုပဲ''

ဆက်ထင်မျက်ခုံးများပင့်သွားရသည်။မောင်ခတ္တာဘက်လှည့်ကာမော့ကြည့်လိုက်သည့်အခါတွင် ပုခုံးနှစ်ဖက်ကိုတွန့်ပြကာ လျှာတစ်လစ်ထုတ်ပြလာသည်။ဒါဟာဘယ်လိုအမူအရာမှန်းမသိပေမယ့် အူယားဖို့ကောင်းလွန်းနေ၏။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Dove le storie prendono vita. Scoprilo ora