အပိုင်း ၄၄

6K 514 15
                                    

''ဘာလို့များမပွင့်လာသေးတာပါလိမ့်''

ပန်းအိုးတွေအများကြီးကြားထဲ နှင်းဆီပန်းများပွင့်နေကြသော်လည်း ပန်းအိုးတစ်အိုးကအပင်ဟာ အခုထိအဖူးတိုင်းပဲရှိသေးသည်မလို့ ဆက်ထင် လက်ပိုက်ကာကြည့်နေမိသည်။

ပန်းရုံထဲတွင်နှင်းဆီပင်များဟာအဖြူရောင်အပွင့်လေးများကိုယ်စီနှင့်လှပလျက်ရှိသည်။တဖက်က နှင်းဆီအဖြူရောင်များအားသက်သက်ထားရှိပြီး မေမေ့ပန်းတွေကတော့ အတွင်းဘက်ထောင့်နေရာလေးတွင်ရှိနေသည်။ပန်းတွေကိုဂရုစိုက်ရတာလွယ်သည့်အလုပ်တော့မဟု​တ် အခု လို အဖူးလေးဖူးနေပြီး အချိန်အတန်ကြာသည်အထိ မပွင့်သည့်အခါမျိုးတွင် စာရင်းစာရွက်ထဲ သုံညတစ်လုံးပျောက်နေသည်ထပ်ပို၍ဦးနှောက်ခြောက်ရ၏။

ယောကျာ်းသားတစ်ယောက်ဖြစ်သည့်တိုင် ယခင်တုန်းကတော့ ပန်းများကိုမနှစ်သက်ခဲ့သလို တစိမ့်စိမ့်လဲမကြည့်ဖူးခဲ့ မေမေ့ပန်းပင်တွေကိုသာ ရေလောင်းပေးဖူးသော်လည်း ပန်းတွေပွင့်ဖို့ထိ ကောင်းကောင်းကြီးထွားဖို့ထိတော့ ဆက်ထင်မကြိုးစားခဲ့ဖူး။ ဒီလိုပြန်တွေးသည့်အခါတိုင်းမေမေ့ကိုအားနာရသည့်ဖြစ်ခြင်း။

အခုတော့ပထမဆုံးကိုယ်တိုင်အပင်စိုက်ရသည့်အခါမှ ပန်းတွေပွင့်လာခဲ့ရင် အထူးသဖြင့် အဖြူရောင်နှင်းဆီပွင့်များ ကောင်းမွန်စွာပွင့်လာခဲ့ရင် အနည်းဆုံးတော့ပြုံးမိသည်။စိတ်တွေရှုပ်ထွေးလာခဲ့ရင် အရင်လိုမျိုးစီးကရက်တွေ ဆေးပေါလိပ်တွေနင်းကန်သောက်မနေတော့ပဲ ဒီနှင်းဆီဖြူတွေအနား စက္ကန့်ပိုင်းလောက်ရပ်နေရရုံနှင့် စိတ်ပြန်ကြည်လင်လာသည်အထိ။'ဖြူစင်ခြင်း နှစ်သက်ခြင်း စင်ကြယ်ခြင်း'တဲ့ အမှန်တကယ်ပင် နှင်းဆီအဖြူတွေဟာအဲ့ဒီလိုအဓိပ္ပါယ်ကိုဆောင်သည်။

ဆက်ထင် ပန်းရုံကိုထပ်ချဲ့ခဲ့ပေမယ့် ဒီလိုလုပ်ဖို့ရက်ပေါင်းများစွာအချိန်ယူခဲ့ရသည်။မူလလုပ်ပေးသွားသည့်လက်သမား မြို့မယ်မရှိတော့သောကြောင့်အရင်ကတရက်နှင့်ပြီးသည့် ပန်းရုံပုံစံအတိုင်းပြန်ရဖို့စိတ်တိုင်းမကျမခြင်း​ ထပ်ခါထပ်ခါပြန်လုပ်ရသည့်အတွက်နှစ်ရက်လည်းမဟုတ် သုံးရက်လဲမဟုတ် ရက်သတ္တပတ်နည်းပါးလောက်ကြာသည့်အခါလက်သမားတချို့ကလဲပြေးကုန်ကြ၏။နောက်ဆုံးတော့ စိတ်တိုင်းမကျသော်လည်း အနီးစပ်ဆုံးပုံစံဖြစ်လာတာကြောင့်ဒီအတိုင်းသာ ကျေနပ်လိုက်ရသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now