အပိုင်း ၃၃

5.7K 425 13
                                    

မျက်စိရှေ့တွင် စာရွက်ပေါင်းများစွာနှင့်အလုပ်ရှုပ်နေသည့်ဦးမျိုးဆက်ထင်အား လှမ်းလှမ်းကြည့်နေမိသည်။ ခတ္တာအားစာရင်းကူလုပ်ပေးရန် စာရွက်တစ်ချို့ပေးထားပြီးစာကြည့်စားပွဲအသေးလေးတွင်နေရာချထားပေးသည်။မျက်စိမှိတ်ပြီးပေါင်းလိုက်လို့ရတဲ့ဂဏန်းတွေဖြစ်လို့ ခတ္တာအားလုံးလုပ်ပြီးသော်လည်းမပြီးသေးသလိုနှင့် ငြိမ်ပြီးထိုင်နေမိသည်။

ဦးမျိုးဆက်ထင်ဟာသူ့အလုပ်အ​​ပေါ်အာရုံစိုက်ထားပြီးကိုင်းစာကြည့်မျက်မှန်အားတပ်ထားသည်။တကယ်ကြည့်ကောင်းလွန်းလို့မျက်တောင်တောင်ခတ်ဖို့မနည်းသတိထားရ၏။

ခတ္တာလည်းဦးမျိုးဆက်ထင်လိုအသက်ရွယ်ရောက်ခဲ့ရင်ဒီလိုပဲနုပြီးခန့်ချောကြီးဖြစ်နေပါ့မလားစဉ်းစားမိသည်။ပြီးတော့ ဦးမျိုးဆက်ထင်အသက်ဘယ်လောက်ရှိပြီလဲဆိုတာခတ္တာသိချင်မိ၏။တကယ်ပဲတစ်ခါတစ်ရံကျ ၂၀ ကျော်လူငယ်လေးထပ်တောင်ပေါ့ပါးလျက်ရှိပြီး တစ်ခါတစ်ရံတော့အလွန်ရင့်ကျက်တဲ့လူတစ်ယောက်သဖွယ် ဒါကြောင့်ခတ္တာတွက်ခန့်မှန်းရခက်သည်။

ခတ္တာလုပ်ထားတဲ့စာရင်းစာရွက်တွေကိုစုပြီး ဦးမျိုးဆက်ထင်ရဲ့စားပွဲပေါ်တင်လိုက်သောအခါ ဦးမျိုးဆက်ထင်က ခတ္တာအားမော့ကြည့်လာ၏။

''ခဏထိုင်နေပါဦးလား''

''ဗျာ...ဟုတ်ကဲ့ဗျ''

ခတ္တာဦးမျိုးဆက်ထင်ရဲ့စာကြည့်စားပွဲရှေ့က ခုံနှစ်ခုံအနက်တစ်ခုံတွင်ဝင်ထိုင်လိုက်သည်။ ချည်အင်္ကျီနက်ပြာရောင်လက်ရှည်နှင့်ဦးမျိုးဆက်ထင်ဟာ ဝါကျင့်ကျင့်မီးအရောင်အောက်တွင် ခန့်ညားလျက်ရှိနေ၏။

''တစ်ခုလောက်မေးချင်လို့ခဗျ''

''မေး...''

ခတ္တာအားမကြည့်ပါဘဲ တစ်ရွက်တွေအ​ပေါ်တွင်တစ်ခုခုရေးနေရင်း ပြောလာသည်။

''အသက်ဘယ်လောက်ရှိပြီလဲခဗျ''

ဦးမျိုးဆက်ထင်ကခတ္တာကိုတချက်လှမ်းကြည့်ပြီးရယ်သည်။ အတော်နှင့်ဘာမှမပြောသေးဘဲ ငြိမ်သက်နေပြီးမှ။

''ဘယ်လောက်ရှိမလဲထင်သလဲ''

''ကျွန်တော်အကြိမ်ကြိမ်အခါခါခန့်မှန်းပြီးမှမသိလို့မေးတာပါခဗျ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now