အပိုင်း ၃၉

5.8K 457 32
                                    

''ဟင်း...ဒီလိုစိတ်ရှိမယ်မှန်းရိပ်မိခဲ့ပါရဲ့ ဒါကြောင့်အကို့ကိုရောအကိုညီမကိုပါ ဒီကောင်လေးကပ်နေတာကိုး''

''မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်းပါ ထားထားခင်''

ဆက်ထင် စိတ်ရှုပ်စွာခပ်ကျယ်ကျယ်အော်လိုက်မိတာကြောင့်ထားထားခင်ရော အနားကလူတွေပါလန့်သွားကြသည်။

''အကို ထားက နစ်နာသူပါနော် ဘာကြောင့်ထားကိုဒေါသထွက်နေရသလဲ''

''အေး မင်းသိအောင်ပြောချင်ရဲ့ ငါအမျိုးမျိုးစမ်းသပ်ထားတဲ့ကလေးပဲ တန်ဖိုးကြီးတဲ့အရာကိုသူကောက်ရခဲ့တာတောင်ငါ့ထံပြန်လာအပ်တဲ့အထိရိုးသားတယ် ''

ထိုအခါထားထားခင်ရဲ့မျက်နှာဟာပျက်ယွင်းသွားသည်။ ပြီးနောက်ခြံအတွင်းမှရှိသမျှလူအားလုံးဘက်သို့ဆက်ထင်လှည့်လိုက်သည်။

''ဘယ်သူပူးပေါင်းပေးသလဲ အမှားဆိုတာကျူးလွန်ပြီးရင်ရဲရဲဝင့်ဝင့်ဝန်ခံရတတ်ရတယ် ကိုယ့်ကြောင့်မဆိုင်တဲ့ဘေးလူတွေပါဒုက္ခရောက်ခဲ့ရင်ကျုပ်အဆိုးမဆိုနဲ့''

အားလုံးဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ငြိမ်သက်နေကြသည်။

''အကိုရယ် ထားအမှန်တိုင်းပြော...''

''အီးဟီး...''

ငိုသံတစ်သံဟာ ကျယ်လောင်စွာထွက်ပေါ်လာသည်။ဆက်ထင် အပါအဝင် အားလုံးဟာ ငိုနေသည့်ကလေးမထံသို့အကြည့်များရောက်လာကြသည်။ထို့နောက်ယဥ်ယဥ်ဆိုတဲ့ကလေးမဟာ မြေပြင်ပေါ်ဒူးထောက်လျက်။

''ခွင့်လွှတ်ပါသူဌေးကြီးရယ် ယဥ်ယဥ်ငွေမက်မိတာနဲ့မမလေးထားထားခင်ပြောသလို လုပ်လိုက်မိရဲ့ ငွေကျပ်၂၀နဲ့ ကိုအတာကိုဒီလိုဇာတ်သွင်းမိပါရဲ့အီးဟီး''

အားလုံးဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် အံ့သြကုန်ကြသည်။ဆက်ထင် ဘေးမှာရှိတဲ့ထားထားခင်ဟာလဲ သွေးပျက်နေပြီဖြစ်သည်။

''ယဥ်ယဥ် နင်..နင်ဟာ နင့်အပေါ်ကိုအတာဒီလောက်သံယောဇဥ်ရှိပြီးအရာရာဂရုစိုက်ပေးကောင်းပေးတာကိုနင်မလို့ဒီလိုလုပ်ရက်တယ်''

''သိပ်မိုက်တာပဲယဥ်ယဥ်ရယ်''

ခြံတွင်းမှလူတွေဟာထိုကလေးမအားဝိုင်းပြောနေကြသည်။ဆက်ထင်စိတ်ပျက်လွန်း၍ ဘာမှပြောစရာပင်မရှိတော့ ဒီရက်ပိုင်း ဆက်ထင်ကပဲကံဆိုးမိုးမှောင်ကျနေသည်လားခတ္တာကပဲကံဆိုးမိုးမှောင်ကျနေသည်လား မပြောတတ်သည်အထိ။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now