အပိုင်း ၆၉

5.6K 514 39
                                    

၅ နှစ်ခန့်ကြာသော်

''နှိုင်းမြတ်ထင်!"

ခပ်ဆောင့်ဆောင့်အော်သံကြောင့်ဧည့်ခန်းအတွင်းအားလုံးစကားပြောနေကြရာမှ အသံလာရာဘက်သို့လှမ်းကြည့်လိုက်ကြ၏။ ချည်သားအပျော့ဘောင်းဘီအဖြူလေးနှင့်ချည်အင်္ကျီအဖြူလေးကိုဝတ်ထားသည့်မောင်ခတ္တာရဲ့ဆံပင်ပျော့ပျော့လေးတို့မှာ ဂုတ်ပိုးအကျော်ထိရှည်ကျနေပြီး အမှတ်တမဲ့ကြည့်လိုက်မိပါကဖြူသွယ်သည့်မိန်းကလေးတစ်ယောက်အသွင်နှင့်လှပလွန်းသည်။ ကလေးတစ်ယောက်သဖွယ်မောင်ခတ္တာသည်မျက်နှာဆူပုတ်လျက်သားငယ် နှိုင်းမြတ်နှင့်အပြိုင်အိမ်အပေါ်ထပ်မှနေ၍ဆက်ထင်ဆီသို့အပြေးဆင်းလာကြခြင်း။

မောင်ခတ္တာမှာ မျက်ရည်တွေပေကျံပြီး ငိုနေသည်မလို့ ထိုင်ရာမှစိုးရိမ်တကြီးထလိုက်ပြီးနှစ်ယောက်သားအောက်မရောက်ဆက်ထင်ကအရင်လှေကားအဝတွင်ရပ်နေလိုက်ပြီး။

''ဦးထင်...''

''ဘာဖြစ်လာ​ပြန်သလဲမောင်ခတ္တာ''

''အီးဟီးး''

ရုတ်တရက်ရင်ခွင်ထဲတိုးဝှေ့ဝင်လာသည့်မောင်ခတ္တာကြောင့်မျက်ခုံးများစုကျုံ့၍ လှေကားရဲ့၅ဆင့်မြှောက်မှာ လက်ပိုက်လျက် ခတ္တာနှင့်ဆက်ထင်အား တည်တင်းနေသည့်မျက်နှာနှင့်ကြည့်နေသည့်နှိုင်းမြတ်အားလှမ်းကြည့်လိုက်သည်။

''ကျုပ်ရဲ့ခတ္တာကိုဘာလုပ်လိုက်သလဲနှိုင်းမြတ်ထင်''

''သြော်...''

နှိုင်းမြတ်ဟာ စိတ်ပျက်လက်ပျက်နှင့်တစ်လုံးသာပြောလာခဲ့ပြီးနောက် မောင်ခတ္တာဟာလည်း ဆက်ထင်အားဖက်ထားရင်းမော့ကြည့်လာ၏။ နှိုင်းမြတ်ဟာ ဆက်ထင်နှင့်ချွတ်စွတ်တူ၍ အခုအရွယ်ကတည်းကတည်ငြိမ်လွန်း ချောမောလွန်းသည်။ သားလေးလိုချင်သည်ဟုတဂျီဂျီကြွေးကြော်ခဲ့သော မောင်ခတ္တာမှာ အသက်လုပြီးမွေးခဲ့သော သူ့သားနှင့်တစက်ကလေးမျှပင်မတည့်။

တနင်္လါနာမ်နှင့်စနေနာမ် ဖြစ်သည့်အလျောက်တွေ့တာနဲ့တဆူဆူတပူပူဖြစ်ကြပြီး ဆက်ထင်အား လုကြသေးသည်။တခါတရံဒီသားအဖကြား ဘာလုပ်လို့ဘာကိုင်ရမလဲမသိ မောင်ခတ္တာဟာလည်းအသက်တစ်နှစ်ကြီးလာလေ ကလေးလိုဖြစ်လာလေမလို့နှိုင်းမြတ်ထပ်ပင်ပိုလို့ချစ်စဖွယ်ရာကောင်းလာ၍ အဆိုးအတေလေး​ဖြစ်လာသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now