အပိုင်း ၅၈

5.2K 425 20
                                    

မီးဖိုမှမီးခိုးငွေ့တို့ကြောင့် မျက်လုံးများစပ်ဖြင်းဖြင်းနှင့်မွှန်လာသည်။မိုးမလင်းသောကြောင့် အေးမြနှင့်ယဥ်ယဥ်ကတော့မနိုးသေးသည်မလို့ မနေ့ကထုထားသည့်ဗန်ဒါစေ့တို့ကိုလှော်ရန် စောစောစီးစီးမီးထမွှေးနေရခြင်း။

''အာလားလား နာလိုက်တာ''

လက်မှ ပေါက်ပြဲရာများကြောင့်ညည်းညူမိသည်။အရင်ကကိုယ့်ခန္ဓာကိုယ် ကိုယ့်စိတ်နှင့်ကိုယ်မာန်အပြည့်နှင့် တစ်နေကုန်ထိုင်ပြီး ဗန်ဒါစေ့ထုလဲထိခိုက်ဒဏ်ရာမရသော်လည်း ဒီခန္ဓာကိုယ်က အသားအရည်ဟာအရမ်းနုနယ်လွန်းသည်။

ထိုဒဏ်ရာတွေအားကြည့်ရင်း တစ်ယောက်ထဲပြုံး​မိပြန် သည်။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ဒဏ်ရာရရ ဦးထင်ဖို့လုပ်ပေးရသည့်အတွက် နာကျင်ရမှန်းတောင်မသိ။ဗန်ဒါစေ့က ကျန်းမာရေးအတွက်အရမ်းဆေးဖက်ဝင်ပြီး အာဟာရလဲဖြစ်သည်။ linolenic acid နှင့် fatty acid တို့လိုအကျိုး​ပြုသည့်acidများပါဝင်၍ခန္ဓာကိုယ်အတွင်းကရောင်ရမ်းမှုမှန်သမျှအားသက်သာစေသည်။

သွေးတွင်းအားလည်းကောင်းစေသည့်အတွက်ဦးမျိုးဆက်ထင် စားကိုစားသင့်ပါသည်။ ဒီဘက်ခေတ်ကလူများစားဖူးလားဆိုတာမသိပေမယ့် ​ကြွပ်ကြွပ်လေးနှင့်ဆိမ့်ဆိမ့်လေးမလို့ ဦးမျိုးဆက်ထင် ကြိုက်မှာသေချာလောက်သည်မလို့ပျော်နေမိသည်။

''အားးးလွမ်းလိုက်တာ''

တကယ်ပဲမတွေ့ရသည်မှာ ၅ရက်နီးပါးရှိပြီဖြစ်သည်။အေးမြနှင့်ယဥ်ယဥ်ကတော့ ဦးမျိုးဆက်ထင်အလုပ်ကိစ္စတွေပြီးရင် ခတ္တာဆီလာမည်ဟုမှာလိုက်ကြောင်းကိုပြောလိုက်၏။ သို့ပေမယ့် သတိတော့ရမိ၏ အပြင်လဲမထွက်ရ အေးမြနှင့်ယဥ်ယဥ်က စျေးသွားတာကစလို့ ဟင်းချက်တာတဆုံး အားလုံးလုပ်ပေးသည်။ဒါကသက်သာသော်လည်း ခတ္တာဒီလိုကြီးမနေချင် လုပ်နေကြအလုပ်များ သွားနေကြနေရာများမသွားရသည့်အခါ စိတ်ထဲလေးလေးပင်ပင်နှင့်နေလို့မကောင်း။

ဒါကြောင့်ဒီနေ့ ဗန်ဒါစေ့လေးတွေလှော်ပြီးရင်ဗူးနှင့်ထည့်ပြီး ဦးမျိုးဆက်ထင်အားသွားပေးဖို့ရာ အိမ်ကြီးဆီသို့ခိုးထွက်ရန်ပြင်ထားသည်။ ဒီလိုမှမဟုတ်လျှင် ခတ္တာအပြင်ထွက်ရမည်ဟုမထင် ဟိုအနားဒီအနားကအစ ယဥ်ယဥ်နှင့်အေးမြကတလှည့်ဆီသွားပေး၏။ခတ္တာအားအပြင်သို့လုံးဝထွက်မခံ အိမ်သာသွားလျှင်တောင်မယုံသင်္ကါနှင့်မေးသေးသည်မလို့ ခတ္တာမှာတစ်ခါတစ်ရံကြောင်အအ ဖြစ်မိသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now