အပိုင်း ၁၃

6.6K 517 0
                                    

ဆက်ထင် မနက်အစောပိုင်းကတည်းက သစ်စက်ဘက်အမြန်ဆင်းလာရသည်။အကြောင်းက မနေ့ကဆက်ထင်ထံပို့လိုက်သည့်စာတစ်စောင်ကြောင့်ပင်။အတွင်းပါအကြောင်းအရာက လုပ်ငန်းအတွင်းထိခိုက်မှုကို တာဝန်ယူမှုမရှိပါပဲ တာဝန်ရှိသူများခေါင်းရှောင်နေခြင်းအကြောင်းရေးထားသည့် တိုင်စာပင်။ စာရရချင်းဒေါသထွက်လွန်း၍ မနက်ပိုင်းနေမထွက်ခင်ကတည်းက မြို့စွန်ဘက်ကိုတစ်ယောက်ထဲကားမောင်းပြီးထွက်လာခဲ့၏။

စက်ရုံရှေ့ရောက်တော့ ကားပေါ်ကနေ အလျင်အမြန်ဆင်းလာပြီး ဒေါမာန်တကြီးနှင့် ဆက်ထင်ကိုမြင်တော့ စက်ရုံလုပ်သားတွေတုန်လှုပ်သွားကြသည်။

''စံထွန်း ဘယ်မလဲ''

''ဟို...ဟိုမှာပါသူဌေးမင်း''

ဆက်ထင် လက်ညိုးထိုးရာကိုကြည့်လိုက်တော့ ခုံတန်းရှည်ပေါ်တွင် အကြမ်းရည်သောက်ပဲကြီးလှော်စားရင်းစံထွန်းတစ်ယောက်ဇိမ်နှပ်နေသည်ကိုမြင်ရတော့ဒေါသတို့ကမီးလိုတဟုန်းဟုန်းပင်။

ဆက်ထင် ခပ်လှမ်းလှမ်းကထိုလူနားအနားဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ သစ်စက်အတွင်းအလုပ်သမားများစုရုံးစုရုံးဖြစ်လာသည်။

''သိပ်ကိုဇိမ်ကျနေသလားမောင်စံထွန်း''

စံထွန်းက ဆက်ထင်ကိုမြင်တော့အလန့်တကြားဖြစ်သွားဟန်နှင့် အလျင်အမြန် ထိုင်ရာမှထသည်။

''အလုပ်သမားခေါင်းဆောင်ဘယ်သူလဲ ထွက်လာခဲ့''

ဆက်ထင် အနောက်ဘက်လှည့်၍ အော်လိုက်တော့ အနားသို့လူတစ်​ယောက်ရောက်လာသည်။ အားလုံးဟာလုပ်လက်စအလုပ်တို့ကိုရပ်ပြီး ဆက်ထင်ဆီတွင်အာရုံရောက်နေကြ၏။

''ဒီရက်အတွင်းဘာတွေဖြစ်နေကြသလဲ ကျုပ်ကိုပြော ထိန်ချိန်ထားတာမျိုးရှိခဲ့ရင် မောင်ရင်ပါဒီကနေထွက်သွားရမယ်''

အလုပ်သမားခေါင်းဆောင်ဆိုသည့်လူဟာစံထွန်းကိုကြည့်ရင်းသက်ပြင်းခပ်ဖွဖွချသည်။ထိုအခါမောင်စံထွန်းကပြာပြာသလဲနှင့်။

''ဘာ..ဘာမှမဖြစ်ပါဘူး သူဌေးကြီးကျုပ်တို့ပုံမာန်တိုင်းအလုပ်လုပ်နေကြတာပါပဲ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now