အပိုင်း ၄၃

5.9K 497 24
                                    

''ဘထွေးဒီ..ဒီအိမ်လေးလား''

ခြံစည်းရိုးရှေ့တွင် ခတ္တာအဝတ်စားထုပ်လေးကိုင်ကာ အံ့သြမင်သက်စွာနှင့်ရပ်နေမိသည်။ မျက်စိရှေ့မှအိမ်ကလေးက ခြံနှင့်ဝန်းနှင့်သပ်ရပ်စွာဆောက်လုပ်ထားသော ပျဉ်ထောင်အိမ်လေးပင်။ ပေါလစ်များသုတ်ထားသည့်အတွက် အဝါရောင်လွင်လွင်လေးဖြစ်နေပြီးလှပနေ၏။

''ဒီခြံပဲကွ''

ဘထွေးက ခြံထဲအရင်ဝင်သွား၏။ ခတ္တာ ခြံလေးထဲကိုကြည့်ရင်းဘထွေးအနောက်ကနေခပ်ခွာခွာလိုက်လာလိုက်သည်။ ၄ပေပတ်လည်လျှောက်လမ်းလေးကလွှဲရင် ကျောက်စရစ်ဖြူဖြူလေးများဟာဘေးဘက်တွင်အပြည့်ဖြစ်နေသည်။ခြံထောင့်လေးတွင် ဗာဒံ(ဗန်ဒါ)ပင်ကြီးတစ်ပင်လဲရှိသည်။အတော်လေးကိုစိတ်ကူးယှဉ်ဆန်ပြီးချစ်စရာကောင်းလွန်းတဲ့အိမ်လေးမလို့ခတ္တာယုံတောင်မယုံနိုင်။

ဘထွေးစစပြောတုန်းက အိမ်ခပ်ကြီးကြီးနှင့် သူဌေးတွေနေသည့်တိုက်အိမ်လိုမျိုးဟုထင်ခဲ့ပါသော်လည်းတကယ်တော့ ဒီလိုအိမ်လေးဖြစ်နေခဲ့သည်။

တကယ်ပဲအသက်ကြီးလာရင် အိမ်သေးသေးလေးရယ်ခြံဝန်းလေးရယ်နှင့်အချိန်ကုန်ဆုံးချင်သည့် လူတိုင်းရဲ့စိတ်ကူးထဲကအိမ်လေးမျိုးပင်။ဘယ်သူကများဒီလိုဆောက်ထားဖို့ကိုစိတ်ကူးလဲခတ္တာတကယ်သိချင်မိသည်။ ခြံဝန်းလေးကနေစလို့လှလှပပ လေးဖြစ်နေတာကြောင့် ပုံလေးတောင်ရိုက်ချင်လာသည်။ သို့ပေမယ့်ဖုန်းမရှိသည်မလို့ သဘောကျစွာနှင့်ကြည့်သာကြည့်နေရသည်။

ဘထွေးကအိမ်လေးပေါ်တက်သွားပြီး တံခါးမကြီးရဲ့သော့ကိုဖွင့်လျက်အိမ်ထဲဝင်သွားသည်။ ခတ္တာကတော့ခြံလေးထဲပျော်ရွှင်စွာ ဟိုကြည့်ဒီကြည့်နှင့်အချိန်အတန်ကြာသည်အထိရပ်နေမိသည်။

''ကဲမောင်မင်းကြီးသားနောက်မှအဝကြည့် အပေါ်တက်ချေ ကျုပ်မယ်မှာစရာတွေရှိရဲ့''

ဘထွေးကအိမ်ပေါ်ကပြောလိုက်တော့ ခတ္တာခေါင်းလေးတကုတ်ကုတ် ရယ်လျက် လှေကားလေးဆီကတဆင့် အိမ်လေးအပေါ်တက်လာခဲ့သည်။ အထဲသို့ခြေချလိုက်သည့်အခါ ပေါလစ်ဆေးအနံ့ သစ်လွင်သောအနံ့များနှင့်အတူခတ္တာ မျက်လုံးများအရောင်တလက်လက်ဖြစ်သွားတော့သည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now