အပိုင်း ၅၄

5.7K 431 21
                                    

''အထက်နဲ့အတော်လေးညှိနှိုင်းယူရလောက်ရဲ့ကျွန်တော်တစ်ဦးတည်းမဖြစ်ပါဘူး ကိုဆက်ထင်ညှိနှိုင်းပေးရင်တော့အဆင်ပြေဖို့ရာ ရာခိုင်နှုန်းများပါရဲ့''

ဆက်ထင် သက်ပြင်းတချက်ချလိုက်သည်။မလုပ်ချင်ဆုံးအရာ အား လုပ်ရမည့်အတွက် ခေါင်းတော့ခဲမိ၏။အခွန်မပြတ်ဆောင်သော်လည်း ပြည်ပသင်္ဘောကပါလာမည့်ကုန်ကြမ်းများဟာအခုတစ်ခါမှ တားမြစ်ခံနေရ၍ ကျဥ်းထဲကျပ်ထဲရောက်နေရသည်။နိုင်ငံရေးနှင့်မထိတွေ့ချင်ပါသော်လည်း ပစ္စည်းတွေတန်ဖိုးဟာအတော်​လေးကြီးမားနေသောကြောင့် ဆက်ထင် အထက်နှင့်ပြောဆိုဆက်ဆံရဦးမည်ဖြစ်သည်။

''တရက်တောင်းကြည့်ပါ ကျုပ်သွားတွေ့ကြည့်ပါ့မယ်''

''ကောင်းပါပြီ''

''တခြားဘာအရေးရှိသေးသလဲ''

ထိုင်နေသည့်ကုန်သည်များဘက်သို့ဆက်ထင်မေးလိုက်သည်။

''ပြသာနာကိစ္စများရှိနေရင်ပမွှားလေးကအစမချန်ပဲကျုပ်ကိုပြောပါ တလက်စတည်းရှင်းကြရအောင် ကျုပ်အကြွေးကျန်တာ နှစ်ခါပြန်ပြန်ခေါင်းခြောက်ရတာတွေအဆင်မပြေလေဘူး''

''ပြည်တွင်းရေကြောင်းလမ်းဆိုတော့အခက်ခဲသိပ်မရှိပါဘူးသူဌေးမင်း ပြသာနာအသေးအမွှားရှိရင်တောင်ကျုပ်တို့ချက်ချင်းတင်ပြမှာမလို့စိတ်ချလို့ရပါရဲ့''

ဆက်ထင်ခေါင်းတဆတ်ဆတ်ငြိမ့်ကာ စားပွဲပေါ်တင်ထားသည့်ဖန်ခွက်ထဲမှအကောင်းစားအရက်အားတစ်ငုံသောက်လိုက်သည်။ဝါတွင်းသုံးလဝေးကွာနေသည့်အရသာအားပြန်လည်ရရှိလိုက်သည့်အခါ ပြင်းရှသည့်အရသာတချို့ခံစားရ၍လည်ချောင်းအတွင်းပူဆင်းသွားသည်။

''သူဌေးမင်း ညလယ်လောက်မှပြန်ပါလားခဗျာ ဆွေးနွေးတာလဲပြီးပြီဆိုတော့ကာ ခဏနေရင်လောကနိဗ္ဗာန်​လေးတွေလာတော့မှာပါ ဟားဟား''

အဝါရောင်မီးများထိန်စွာထွန်းထားသည့်အခန်းအတွင်းဆေးလိပ်ငွေ့တလူလူရှိနေသည်။တိုင်ကပ်နာရီအားကြည့်လိုက်သည့်အခါ ည၇နာရီထိုးတော့မည်ဖြစ်၏။

''ဟုတ်ပါရဲ့သူဌေးမင်း ပျော်ပါးပြီးမှသာအိမ်ပြန်ပါလေ''

''ဟေ့လူတွေ ဆွယ်ကြပါဦး''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now