အပိုင်း ၈

7.1K 547 9
                                    

''မောင်ခတ္တာ ဒါဘာလုပ်နေတာလဲ''

ခတ္တာ ပန်းရုံသေးသေးလေးတွက် မြေဆွေးပြုလုပ်နေရင်း အနောက်ကအော်သံကြီးကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်လှုပ်သွား၏။

''ဟို...ကျွန်တော်မြေဆွေးလုပ်နေတာပါ''

''ဒီပန်းရုံကိုကျုပ်ကလွဲပြီးဘယ်သူ့မှအနားကပ်ခွင့်မရှိဘူးဆိုတာ မပြောကြဘူးလား''

ဦးမျိုးဆက်ထင်ရဲ့အသံဟာဒေါသအသံ အနည်းငယ်ပါနေသည်မလို့ ခတ္တာလန့်လာ၏။
မြေဆွေးပုံထဲကလက်ကိုထုတ်လိုက်၍ ပန်းရုံနားကနေခပ်သွက်သွက်လေး ဖယ်လိုက်သည်။

''တောင်းပန်ပါတယ်ခဗျ အပင်တွေကမကြာခင်သေမှာတော့မလို့မြေဆွေးနဲ့ပြန်ပျိုးမလို့လုပ်လိုက်တာပါ တကယ်မသိလိုက်လို့ပါဗျ''

ခတ္တာပြောလိုက်တော့ ဦးမျိုးဆက်ထင်မျက်ခုံးတို့ဟာပင့်တက်သွားပြီး ပန်းရုံနားလျှောက်သွားသည်။ ထို့နောက် ပန်းပင်တွေအားလက်နှင့်အသာအယာကိုင်၍​ ခတ္တာဘက်ကိုလှမ်းကြည့်လာ၏။

''တကယ်ပဲဒီတိုင်းဆက်ထားရင်သေတော့မှာလားမောင်ရင်''

''နေရာကချောင်ဘက်ကျနေလို့  နေရောင်ကောင်းကောင်းနဲ့ အောက်စီဂျင်လဲသိပ်မရဘူးခဗျအပင်တွေက နေ ရေ လေ မြေသုံးမျိုးနဲ့အသက်ရှင်တာမလို့ နေရောင်နဲ့အောက်စီဂျင်ဓာတ်မရှိရင်ရေလောင်းလဲ အပင်မကြီးထွားဘူးခဗျ''

''အောက်စီဂျင်ဟုတ်သလား...ဒါဖြင့်ဘယ်လိုလုပ်သင့်လဲမောင်ရင်''

''အိုးတွေနဲ့မလို့နေရာလေးရွေ့ပြီးမြေဆွေးဓာတ်လေးထည့်ပေးရင်အဆင်ပြေမလားလို့ပါ မြေဆွေးက အပင်တွေကိုပိုးမကိုက်စေဘူးခဗျ အဲ့ဒီနှင်းဆီပင်တွေရဲ့အရွက်တွေမှာအပေါက်ကလေးတွေဖြစ်နေတာ အဲ့တာပိုးကိုက်ထားတာခဗျ''

အပင်တွေအကြောင်းတစ်စွန်းတစ်စကို နားလည်နေသည်က ပြင်ဦးလွင်တွင် ပန်းခြံပိုင်ရှင်ဖြစ်တဲ့အဒေါ်ဖြစ်သူထံကပ်နေခဲ့ရသောကြောင့်ဖြစ်သည်။ကျောင်းကပြန်ရောက်လျှင် ည၇နာရီထိ ပန်းခြံထဲကအပင်တွေကိုရေလောင်းပေါင်းသင်းပေးရသည်ဒါမှပဲ မနက်ကျောင်းတက်ဖို့ အဒေါ်ဖြစ်သူပေးသည့်မုန့်ဖိုးသုံးရာအားရသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now