အပိုင်း ၆၈

5.8K 543 59
                                    

မျက်စိရှေ့တွင် မြင်နေရသည့် ဦးမျိုးဆက်ထင်ဟာ ခတ္တာရဲ့ခြေဖဝါးများကို သူလက်များနှင့်နှိပ်နယ်ပေးနေသည်။လတွေအများကြီးအပင်ပန်းခံပြီး ခတ္တာအနားပြုစုပေးရှာသော လူကြီးကိုပိုပို၍အချစ်ပိုမိသလိုသနားလဲသနားမိ၏။

မထင်မှတ်ပဲရလာသည့်ဗိုက်ကလေးကြောင့် ခတ္တာထပ် ဦးမျိုးဆက်ထင်ဟာပို၍ပင်ပန်းရသည်။အမှန်ဆို အမေတို့ဖြစ်ဖြစ် Nurseများနှင့်ဖြစ်ဖြစ် လွှတ်ထားလို့ရပါသော်လည်းခတ္တာရဲ့တောက်တိုမယ်ရကိစ္စများကအစသူကိုယ်တိုင်လုပ်ပေးစေပြီး တချက်မျက်နှာမမဲ့အောင်ထားသည်။

ယောကျာ်းလေးတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တယ်ဟုသိသိချင်း အရမ်းအံ့သြမိ၍ shockပါရသွားသော်လည်း ဒါဟာဦးမျိုးဆက်ထင်ရဲ့သွေးသားလေးဖြစ်တာကြောင့်ခတ္တာအရမ်းလိုချင်ပြီး မွေးပေးချင်သည်။ဒီအတွက်ပင်ပန်းရလဲ ကိစ္စမရှိ ယောကျာ်းတစ်ယောက်ဖြစ်တာကြောင့်ဒီလောက်အား ခံနိုင်ရည်ရှိပါသည်ဟုတွေးသော်လည်းတကယ်တမ်းကျအရမ်းခက်ခဲ၏။တစ်ခါတစ်ရံနာကျင်ရလွန်း၍ ကျိတ်မှိတ်ငိုရပြီး တစ်ယောက်ထဲဖြေသိမ့်ရသည်။

အိပ်မပျော်သည့်ညများ ညောင်းညာကိုက်ခဲပြီး ဘာမှမလုပ်မကိုင်နိုင်တဲ့အချိန်ဆို ဦးမျိုးဆက်ထင်ဟာဘေးအနားတွင်ရှိပေးပြီး အိပ်ပျော်သည်အထိ ခတ္တာအားချော့သိပ်သည်။ ညောင်းညာထုံကျင်နေသောနေရာများကိုလည်းနှိပ်ပုံနှိပ်နည်းအားသူ့ရဲ့မိတ်ဆွေထံသေချာမေးမြန်း၍ ခတ္တာအားသက်သာအောင်အမျိုးမျိုးကြိုးစားပေး၏။

ဗဟုသုတရစရာများ ဦးမျိုးဆက်ထင်ရဲ့မိသားစုအကြောင်း တခြားပုံပြင်များ နှင့် မြတ်စွာဘုရားရှိစဉ် ငါးရာ့ငါးဆယ်နိပါတ်တော်များ ဇာတ်တော်များ အား ညတိုင်းပြောပြသည်။ထိုအခါတွင်ဦးမျိုးဆက်ထင်ပြောသမျှအားငြိမ်ငြိမ်လေးနားထောင်နေမိပြီး ဗိုက်ထဲမှကလေးလေးဟာလည်းတလှုပ်လှုပ်ဖြစ်နေတတ်၏။

''အိပ်တော့ ဦးထင် မနက်သွားစရာရှိတယ်မလားဗျ''

''မင်းအိပ်မှသာအိပ်ပါ့မယ်မောင်ခတ္တာ''

''ဦးထင် ပင်ပန်းနေပြီကို အရင်အိပ်ပါ''

ထိုအခါ ဦးမျိုးဆက်ထင်က ခတ္တာဘက်လှမ်းကြည့်ရင်းသက်ပြင်းတချက်ချလိုက်သည်။ကလန်ကဆန်လုပ်နေသောကြောင့်ဆူခံရတော့မည်ဟုထင်ပါသော်လည်းမျက်နှာပြန်လွှဲသွား၍ ဦးမျိုးဆက်ထင်မှာခြေဖဝါးနုနုလေးများကို ညင်သာစွာနှိပ်နယ်ပေးရင်း။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Onde histórias criam vida. Descubra agora