အပိုင်း ၂၆

5.9K 436 2
                                    

''လာပါဦး ရီရီ''

မေရီ့အား ကိုကိုကြီး က ဧည့်ခန်းထဲမှာစကားပြောရန်ခေါ်တော့ စာရေးခုံပေါ်မှဖတ်လက်စစာအုပ်ကလေးကိုချကာ ကိုကိုကြီးအနားလျှောက်သွားလိုက်သည်။ ကိုကိုကြီးဟာ ခေါင်းရင်းဘက်က ကျွန်းဆက်တီတစ်ယောက်ခုံတွင်ခြေချိတ်ထိုင်၍ တစ်ခုခုကိုလေးလေးနက်နက်စဥ်းစားနေဟန်။ မေရီ ကိုကိုကြီးနှင့်မလှမ်းမကမ်းခုံတွင်ထိုင်လိုက်သည့်အခါ ကိုကိုကြီးက မေရီ့အားမကြည့်ပဲအရှေ့တည့်တည့်သို့မျက်နှာလွှဲထား၏။

''စာလိုက်နိုင်သလားရီရီ''

''ဟုတ်ကဲ့ လိုက်နိုင်ပါတယ်ကိုကိုကြီး''

''ကျောင်းပြီးရင် ဘာလုပ်ဖို့အတွေးရှိသလဲ''

ကိုကိုကြီးအမေးရှိသည့်အခါ မေရီဖြေရခက်သွားသည် လုပ်ချင်တဲ့အရာ ဖြစ်ချင်တဲ့အရာက တစ်ခုထဲမှမဟုတ်တာလေ။မေရီ ကျောင်းပြီးသည့်အခါ စက်ချုပ်ပညာသေချာသင်ချင်သည့်အပြင် ဝါသနာပါရာ ပန်းချီဆွဲတဲ့အလုပ်ကိုလဲတစိုက်မတ်မတ်သင်ယူဖို့နှင့် အလှပြင်ဆိုင်လေးဖွင့်ဖို့စဥ်းစားထားသည်။ဒါတွေကို ကိုကိုကြီးကိုပြောပြသည့်အခါ ကိုကိုကြီးစိတ်ထဲမေရီဖြစ်ချင်သည့်အရာများကကလေးဆန်နေမလားလို့မေရီစိုးရိမ်မိ၏။

''ဖိနပ်လုပ်ငန်းမှာပဲဝင်ဦးစီးဖို့စဥ်းစားထားပါတယ်''

''ကောင်းပါရဲ့...''

ဧည့်ခန်းအတွင်းမှလေထုဟာ ကိုကိုကြီးစကားရပ်လိုပ်သည်နှင့်အေးစက်သွားတော့သည်။အတော်တန်ကြာသည်အထိ ကိုကိုကြီးဟာဘာမှမပြောလာသည်မလို့ မေရီ လှမ်းကြည့်လိုက်သည်။ ကိုကိုကြီးဟာ အရှေ့ဘက်ကိုမျက်နှာမူ၍ တစ်ခုခုကိုပြောချင်နေသည့်ပုံပင် ဘာအရေးမလို့ ကိုကိုကြီးတွေဝေနေပါလိမ့်ဟုမေရီစဥ်းစားနေမိသည်။ ခါတိုင်းထပ်ပိုတည်ငြိမ်နေသည့်ကိုကိုကြီးမှာ မေရီမျက်လုံးထဲပို၍ကြည့်ကောင်း ခန့်ညားနေသည်။ အနည်းငယ်စုကျုံ့နေသည့်မျက်ခုံးတွေသာပြေလျော့ပြီး ကိုကိုကြီးပြုံးလိုက်ရင်တော့တလောကလုံးပန်းတွေပွင့်သွားလောက်သည်။ ဘာလို့များလူတစ်ယောက်ဟာ
အရယ်အပြုံးဒီလောက်နည်းပါးပါလိမ့်...။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now