အပိုင်း ၅၉

4.9K 416 11
                                    

''မောင်ရင်ပြောတော့ဒီနည်းနဲ့အားလုံးပြေလည်သွားမယ်ဆို''

ပုလိပ်တွေလက်ထဲမှဦးခင်ဇော်ဟာတုန်ယင်နေသည့်အသံနှင့်စိုင်းသိဒ္ဓိအားပြောလာသည်မလို့ ဆက်ထင်အံ့သြကြီးစွာစိုင်းသိဒ္ဓိအားကြည့်လိုက်သည်။စေ့စပ်ပွဲပျက်သွားသလို ပုလိပ်တွေဝင်လာပြီး ဦးခင်ဇော်အားလာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုနှင့်ရှောင်တခင်စစ်ဆေးရန်လာ၍ဖမ်းဆီးကြသည်။

ထိုစဥ်အနားသို့အပြေးအလွှားရောက်လာသည့် လူတစ်စုနှင့်အေးကိုကြောင့်ဆက်ထင်စိုးရိမ်စိတ်များစွာနှင့် ပြေးသွားလိုက်ပြီး။

''တွေ့ခဲ့သလား''

''မရှိတော့ပါဘူးကိုဆက်ထင် အနားပတ်ဝန်းကျင်နေရာအနှံ့ လမ်းအနှံ့ပါပဲ''

ရင်ထဲဗလောင်ဆူနေသည့်ခံစားချက်နှင့်အ​တူတူဆံပင်တွေကြားလက်ချောင်းများထိုးဖွ၍ စိုင်းသိဒ္ဓိ​ဆီသို့ခြေလှမ်းများရောက်ရှိသွားကာစိတ်ထဲအရှိတိုင်း ထိုးကြိတ်မိတော့သည်။

''ကိုဆက်ထင်...''

''ဟာဝိုင်းဆွဲကြပါဦး''

မြေပြင်ပေါ်လဲသွား၍ မျက်နှာတစ်ခုလုံးစုတ်ပြတ်သပ်ကာသွေးများစီးကျသည့်တိုင် ရယ်မောလျက်မလို့ထိုအပြုအမူဟာ ဆက်ထင်လက်တွေကိုအထိန်းအချုပ်မဲ့စွာဖြစ်စေသည်။ထို့နောက်အနီးအနားလူတွေအားလုံးဝိုင်းဝန်းဆွဲကြသလို ပုလိပ်များကလည်း ဆက်ထင်အားထိန်းချုပ်ထားကြသည့်အခါ လူချင်းကွဲသွားသည်။

''ဒီအရာတွေအားလုံးမင်းအကြံစည်တွေပဲပေါ့ဟုတ်သလားဟမ်!''

''အကြံပြုလိုက်ရုံလေးပါ မျိုးထင်ရာ ဟားဟား''

''စိတ်ဓာတ်အောက်တန်းကျလှချည်လား ဟမ် မင်းဘယ်လိုဖြစ်သွားရတာလဲ စိုင်းသိဒ္ဓိ ပြောစမ်းပါငါ့ကို''

ဆက်ထင် ခန္ဓာကိုယ်တစ်ခုလုံးသွေးပွက်ပွက်ဆူနေသလိုခံစားရပြီးအားလုံးဟာ အားနှင့်မာန်နှင့်ဆက်ထင်အား ဆွဲထားကြသည်။

''မင်းအတွက်ဒီ့ထပ်ကောင်းမွန်တဲ့လက်ဆောင်ပဏ္ဍာကမရှိတော့ဘူးလေ ဘာကြောင့်များဒေါသထွက်နေရသလဲမျိုးထင်ရ စေ့စပ်ပွဲပျက်သွားလို့များလားဒါမှမဟုတ်တိတ်တိတ်ပုန်းလုပ်နေတဲ့စေ့စပ်ပွဲကို မသိစေချင်တဲ့သူကရောက်လာခဲ့လို့လား''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now