အပိုင်း ၂၇

5.7K 394 6
                                    

''ဟင်း...ခပ်ဝေးဝေးသွားစမ်းနင့်ကိုဘယ်သူကပါခိုင်းလို့လဲ''

မေရီလက်ထဲက ချည်ထိုးဘောလုံးအနီရောင်လေးကိုပိုက်ထား၍ ဝမ်းနည်းစွာရပ်နေရသည်။ မေရီ သူတို့နှင့်ဆော့ချင်သည် သူတို့ဆော့နေကြသည့်ကစားနည်းဟာသိပ်ပျော်ဖို့ကောင်းသည့်ပုံပင်။သူတို့ပျော်ရွှင်နေကြသလို မေရီလဲဒီလိုပျော်ကြည့်ချင်သည်။အမြဲတမ်းအိမ်တွင်း၌ဖေဖေနဲ့မေမေရန်တွေဖြစ်အော်ဟစ်သံတို့ကိုနားထောင်ရတာငြီးငွေ့လာပြီးဖြစ်သည်။

ဒါပေမယ့်အိမ်အတွင်းဒီနေ့လူတွေရှုပ်နေသည် ဖေဖေကလည်းအိမ်ရှေ့ကြီးမှာအိပ်လျက်ကြီး မေမေကလဲငိုနေပြီးဖေဖေ့နားမှာထိုင်နေသည်။ဘာတွေဖြစ်နေကြလဲ မေရီမသိချင်သလို မေးလဲမမေးချင်။ဖေဖေ့ကိုလဲမုန်းသည် မေမေကိုလဲမုန်းသည်။ဖေဖေကလဲမမချောချောလေးတွေတစ်ယောက်ပြီးတစ်ယောက်အိမ်ကိုခေါ်လာ၍အဲ့လိုခေါ်တဲ့အချိန်တိုင်းမေရီ့ကိုထပ်ခိုးမှာသော့ခတ်ထားသည်။

မေမေကတော့ မနက်မိုးလင်းတည်းကထွက်သွားတတ်ပြီးမိုးအရမ်းချုပ်လျှင်ပြန်လာတတ်သည်။ဒါပေမယ့် မေရီ့ကိုဂရုမစိုက် တစ်ခါတစ်ရံ မေမေအိမ်ပြန်လာတဲ့အခါပျော်ရွှင်လာတတ်ပြီးမေရီ့တွက်လည်းမုန့်ကလေးတွေကစားစရာလေးတွေဝယ်လာပေးသည်။အဲ့ဒီအချိန်ဆိုမေမေ့ကိုမေရီနည်းနည်းတော့ချစ်ပါသည်။တစ်ခါတစ်ရံတော့မေမေဟာအစောကြီးပြန်လာပြီးဒေါသတွေထွက်နေတတ်၏။ပစ္စည်းတွေကိုဆူဆောင့်၍ချသည့်အခါ အရမ်းအသံကျယ်ပြီးမေရီ့အဲ့အချိန်ဆိုအရမ်းကြောက်မိသည်။မေမေ့အနားမနေရဲ တတ်နိုင်သလောက်မေရီမေမေ့နားကနေဝေးနိုင်သမျှခပ်ဝေးဝေးမှနေနေရပြီးမေမေ့နားနေသည့်အခါ မေရီထိုင်လျှင်ဒူးပေါ်သည်ကအစမေမေကတွေ့ကရာပစ္စည်းနဲ့မေရီအားကောက်ပေါက်ပြီး အရှိုးရာတွေထင်သည်အထိရိုက်တတ်သည်။

တစ်ခါတစ်ရံမေမေခေါ်လာသည့်ယောကျာ်းကြီးတွေမိန်းမကြီးတွေကိုမေရီအရမ်းကြောက်မိသည်။ထိုသူတွေအနားမေရီမကပ်ရဲပါ မေရီ့အနားလဲအကပ်မခံရဲ မေမေခေါ်လာသည့်ယောကျာ်းကြီးတွေဟာမေရီကိုမြင်ရင်ကြောက်စရာမျက်လုံးတွေနဲ့ကြည့်ပြီးပြုံးကြသည်။ပြီးရင်မေရီ့ရဲ့ရင်ဘတ်တွေကိုရောပေါင်တွေကိုလဲမထိတထိကိုင်ကြသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now