အပိုင်း ၄၅

5.8K 440 0
                                    

ခတ္တာအိမ်ကြီးရှေ့တွင် ကြောင်တောင်တောင်လေးရပ်နေမိသည်။ခံစားချက်အမျိုးမျိုးနှင့်အတူ အိမ်ကြီးကိုကြည့်လိုက်သည်နှင့်ပြေးဝင်သွားချင်သည်အထိ။

ရပ်နေတာ နာရီဝက်နီး​ပါးကြာနေပြီဖြစ်သော်လည်း ခတ္တာအခုချိန်ထိ ဘယ်သူ့မှမတွေ့သေး လှမ်းမြင်နေရသည့်ဦးမျိုးဆက်ထင်အခန်းရဲ့ပြတင်းပေါက်ကလဲအခုထိမပွင့်သေး။ ကားတွေကလည်းအိမ်ထဲတွင် အားလုံးရပ်ထားသည့်အတွက် ဦးမျိုးဆက်ထင်အိမ်မှာရှိသည်ဟုထင်ရသည်။

မြင်းလှည်းကြုံနှင့် ၅ နာရီလောက်ထလိုက်ခဲ့ရပါသော်လည်း အခု၇နာရီပင်ရှိပြီဖြစ်၏။ အထဲကိုဝင်ရမလားမဝင်ရမလားတွေးနေတုန်း ခြံအတွင်းမှပန်းရုံလေးကိုလှမ်းကြည့်လိုက်မိသည်။တကယ်ပဲနှင်းဆီ အဖြူလေးတွေအများကြီးပင် ဦးမျိုးဆက်ထင် အပင်စိုက်တတ်ပျိုးတတ်သွားပြီဟုထင်မိ၏။သေချာလေးကိုပြင်ဆင်ထားပြီး အရင်တုန်းကပုံစံထပ်ကို အနည်းငယ်လှပသွားသေးသည်။

ခဏအကြာတွင် ခြံထဲသို့အေးမြဆင်းလာသည့်အတွက်ခတ္တာဝမ်းသာသွားသည်။ဒီကောင်မလေး လှလို့ပလို့ အရင်က သနပ်ခါးပင်သိပ်မလိမ်းပဲဖိုသီဖက်သီနေပေမယ့် အခုတော့ ပါးကွက်ကြားနှင့်။

''အေးမြ... ဟဲ့''

ခတ္တာခေါ်လိုက်သော်လည်း အေးမြကမကြားခြံထဲတွင်တစ်ခုခုကိုလိုက်ရှာနေသည့်ပုံပင် ပါးစပ်ကလဲတစ်ခုခုရွတ်နေသည့်ပုံပင်။ပြီးနောက် သူရှာနေတဲ့သံကပ်ကြေးကိုတွေ့ပြီးနောက်ကောက်ယူလိုက်ပြီး လှည့်ထွက်သွားတော့မည့်အခါ ခတ္တာ ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သည်။

''ဟဲ့ အေးမြ ''

အခုတစ်ခေါက်တော့အေးမြကြားသွားပြီးအသံလာရာကိုလိုက်နေရှာနေသည်။

''ငါဒီမှာဟ''

ခတ္တာ ခေါင်းလေးအနည်းငယ်ပြူပြီး လက်ပြလိုက်သည့်အခါ အေးမြကတွေ့သွားပြီး အလျင်အမြန်ပင် ခြံရှေ့ထွက်လာသည်။

''အမလေး ဗုဒ္ဓေါ...ကိုအတာ''

''တိုးတိုးဟ...''

ခတ္တာ နှုတ်ခမ်းပေါ်လက်ညိုးတင်ကာ အမူအရာပြလိုက်တော့ အေးမြဟာသူ့ပါးစပ်သူ လက်ကလေးနှင့်ပိတ်ကာ အိမ်ကြီးဆီလှည့်ကြည့်ပြီး ခတ္တာအနားသို့ရောက်လာသည်။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now