အပိုင်း ၃၀

6.2K 458 3
                                    

~''နွေပန်းကလေးများတိတ်တခိုး
အနမ်းနဲ့ ဝေဆာ ပွင့်ဖူးချိန်
ရွက်စိမ်းနုနု အချစ်ဖူး ကလေးတွေရှင်သန်ပေါက်ဖွားကာ
ဆန္ဒ ရှိတဲ့ တို့ရဲ့ အသိမှာတစ်နေရာစီ ဝေးကွာ မြင်လည်း လွမ်း...တယ်
မအေး...ရယ်....ချစ်လို့ ...ပါကွယ်''~

ခတ္တာသင်ပေးထားတဲ့ဦးလွှမ်းမိုးရဲ့မအေးကိုချစ်လို့ပါဆိုသည့် သီချင်းထဲကစာသားတစ်ပိုဒ်ကို ကျော်ကျော်ဟာနေ့မနားညမနားကျက်လို့၂ရက်ကြာအပြီးအခုည​နေတော့ အေးမြအဝတ်ရုတ်နေသည့်နေရာနဲ့မလှမ်းမဝေးသည့်နေရာတွင် သစ်ရွက်ခြောက်များကောက်နေရင်းအေးမြကို ခိုးခိုးကြည့်လျက် အေးမြကြားအောင်အော်ဆိုနေသည်။

''ဒီကောင်ကျော်ကျော် သီချင်းစာသားပဲသင်ပေးလိုက်တာပေါ်တင်ကြီးကိုဖလစ်နေတော့တာပဲ''

ခတ္တာသဘောတကျကျနှင့်ကိုယ့်ဘာသာခပ်တိုးတိုးလေးပြော၍ ဘုရားသောက်တော်ရေခွက်များနှင့်ဆွမ်းပန်းကန်များကိုဆေးကြောနေသည်။
ကျောင်းပိတ်ရက်ဖြစ်တာကြောင့်မေရီကတော့သူ့အမေအိမ်ပြန်ဦးမည်ဟုခပ်တိုးတိုးနှုတ်ဆက်သွားသည်။ခတ္တာနှင့်မေရီကျောင်းတွင်သာ တူတူထိုင် စကားပြောတွေပြောကြသော်လည်းအိမ်တွင်တော့တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းမဆိုင်မိအောင်ခတ္တာ​နေရသည်။

ခတ္တာ တစ်ခါပြောရုံနှင့်တင် ဦးခေါင်းထဲအမှတ်အဖြစ်ကျန်ခဲ့သလို ဘယ်တော့မှထိုအရာကိုထပ်ပြောခံရအောင်မနေဖူးတာကြောင့်မေရီကိုတတ်နိုင်သရွေ့ရှောင်ရသည်။မေရီကတော့သူ့ကြောင့်ဖြစ်တာဆိုပြီးစိတ်မကောင်းဖြစ်နေပေမယ့် ခတ္တာကတော့အဲ့လိုမတွေးရန်ပြောထားရသည်။

​ခတ္တာ အိမ်ကြီးအနား ဦးမျိုးဆက်ထင်ရှိနေသည့်အချိန် မေရီရော မထားထားခင် ပါရှိနေသည့်အချိန်တွေဆိုယောင်၍တောင်မသွားတော့။ပန်းရုံကိုလည်းမနက်ခင်းဦးမျိုးဆက်ထင်မနိုးခင်ရေလောင်းပေါင်းသင်ထားပြီး အိမ်ကြီးသန့်ရှင်းရေးကိုလည်း သူမရှိတဲ့အချိန်ကိုစောင့်ပြီးသွားသွားလုပ်ရသည်။

မတွေ့အောင်ရှောင်ကာမှအိမ်ကြီးအနောက် ခတ္တာတို့တန်းလျားရှေ့က သင်္ဘောပင်ကြီးနားအကြောင်းမရှိပါပဲညနေတိုင်းလမ်းလျှောက်ပြီးထိုသင်္ဘောပင်ကြီးကိုလက်နောက်ပစ်၍ဦးမျိုးဆက်ထင်လာလာကြည့်သည့်အခါခတ္တာအခက်တွေ့ရသည်။ထိုအခါ တန်းလျားကခတ္တာနေတဲ့အခန်းတွင်ပုန်းနေရပြီးသူပြန်ဝင်သွားမှပြန်ထွက်လာရသည်။ဒီလိုနှင့်ခတ္တာ
ဦးမျိုးဆက်ထင်ကိုရှောင်နေခဲ့တာ ၂ရက်လောက်ပင်ရှိလောက်ပြီ။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now