အပိုင်း ၅၅

5.2K 423 10
                                    

ခတ္တာ အရီးစုံတို့ ယဥ်ယဥ်တို့မေရီတို့အကြားမျက်နှာပူလောင်စွာနှင့်ထိုင်နေရ၏။အားလုံးဟာ ခတ္တာနှင့်ဦးမျိုးဆက်ထင်အကြောင်းကိုသိပြီးဖြစ်ကြသလို ကျေကျေနပ်နပ်ကြီးလက်ခံကာသဘောတူနေကြသည်။ဒီလိုအ​ခြေအနေမျိုးကိုလုံးဝမထင်ခဲ့၍ ခတ္တာ လျှို့ဝှက်ထားပါသော်လည်း သူတို့က သိနှင့်တာကြာခဲ့ပြီတဲ့လေ။

အပြစ်တင်ကဲ့ရဲ့သံတွေ အထင်သေးအမြင်အစောင်းမှုများထပ် လိုက်ဖက်ကြသည်ဟုသည့်စကားများကိုသာထပ်ခါတလဲလဲကြားနေရ၏။
ဒီအရာအား ၂၁ရာစုတွင်တောင်အမြင်တော်တော်ကျယ်လာ၍လက်ခံပေးကြသည့်သူများရှိသလို ရွံရှာမုန်းတီးပြီး လိင်တူချစ်ခြင်းကို ခါးခါးသီးသီးဆန့်ကျင်သူများလည်းရှိသည်။ ကိုယ်တိုင်ဟာ LGBTတစ်ယောက်မဟုတ်ခဲ့သော်လည်း ကိုယ့်ရပ်ဝန်းကလူများကဒါတွေပဲမလို့ သူတို့အားနားလည်ပေး၍သူတို့ဖြစ်တည်မှုအားလုံးကိုလက်ခံပေးခဲ့၏။

ခတ္တာအားရွာတွင်ဆိုလျှင်တော့ ကျိန်းသေကဲ့ရဲ့ပြောဆိုပြီးရွံရှာနေကြမှာပေမယ့် အိမ်ကြီးကလူတွေရဲ့အကောင်းမြင်ပေးခြင်းကိုခံယူနေရသည်မလို့ဝမ်းသာစိတ်ဖြစ်မိသည်။

''ကိုကိုကြီးဟာလည်း​လေ မောင်ခတ္တာ မောင်ခတ္တာနဲ့ ပါးစပ်ဖျားကကိုမချဖြစ်နေရဲ့''

''အို မမလေးဟာလည်း အချစ်ငှက်ကလေးတွေကိုး''

မေရီနှင့်အရီးစုံ ခတ္တာကိုရှေ့မှာထား၍ လဖ္ဘက်သုပ်စားကြရင်းတစ်ယောက်တစ်လှည့်အားရပါးရပြောနေကြသည်။ရှက်လွန်း၍ ထထွက်သွားချင်သော်လည်းထိုအခါတွင်လည်းဝိုင်းစနောက်ကြဦးမည်။

''တော်ပါတော့ဗျာ မျက်နှာတွေလည်းပူရလွန်းလို့''

''ကိုအတာကလဲ ရှက်တာပါ''

''ဟုတ်ပါ့''

အေးမြနှင့်ယဥ်ယဥ်ဟာ တစ်ယောက်လက်တစ်ယောက်ပုတ်ရင်း ပြောကြသည်။ဒူးလေးပိုက်ကာ မျက်နှာအား ကွယ်ဝှက်ထားသည့်အခါ အားလုံးကခတ္တာအားကြည့်ရင်း ​ရယ်မောကြ၏။

''ပြောရတာလည်းကြောက်ပါရဲ့ သူဌေးကြီးက ကိုအတာနဲ့ဆို လေသံကအစနူးနူးညံ့ညံတော်''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now