အပိုင်း ၃၂

6K 442 30
                                    

စိုင်း လက်ထဲမှဆေးပေါလိပ်ကို ခပ်ပြင်းပြင်းဖွာရှိုက်လိုက်သည်။ မေမေဟာ စိုင်းအားအလိုမကျသည့်မျက်လုံးများနှင့်ကြည့်နေ၏။ဒီအသက်ဒီအရွယ်တွင်တော့စိုင်းဖိအားများနှင့်မနေချင် ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ့်သဘောဆန္ဒနှင့်သာရွေးချယ်ချင်၏။ တစ်သက်လုံးကိုယ့်ဘေးတွင်ထားထားရမည့်သူဟာ မချစ်ပါပဲ နေ့ရက်တိုင်းဘယ်လိုဖြတ်ကျော်ရမလဲ။

''ရှင်းရှင်းပြောရရင် သားမယ်လုပ်စရာတွေရှိသေးတယ်မေမေ အိမ်ထောင်ပြုဖို့ဘက်ကိုအာရုံမပြုချင်သေး''

''မေမေဟာလဲအခုချက်ချင်းပြုခိုင်းနေလို့လားစိုင်း...ရီရီကျောင်းပြီးတဲ့အခါမှပါကွယ်''

စိုင်း စိတ်ညစ်စွာနှင့်သက်ပြင်းရှည်တစ်ချက်ဆွဲချလိုက်သည်။ဖေဖေကတော့စကားဝိုင်းထဲကိုတစ်လုံးမှဝင်မပြောခဲ့။စိုင်းနှင့်မေမေ့ရဲ့ကြားစိတ်ရှုပ်သည့်ပုံစံနှင့်ငြိမ်သက်ကာထိုင်နေ၏။

''သား မျိုးထင်ကိုပြောပြီးပါရဲ့မေမေ ရီရီကမိန်းမကောင်းလေးတစ်ယောက်ပါ ဒါပေမယ့်သားမှမချစ်နိုင်တာ''

''ဒီအသက်ဒီအရွယ်မှာအချစ်တွေမေတ္တာတွေလိုအပ်သေးသလား စိုင်း''

မေမေရဲ့လေသံဟာတဖြည်းဖြည်းမာထန်လာခဲ့သည်။ စိုင်းလဲ စိတ်ထဲအဆင်မပြေတော့သည့်မလို့လက်ထဲဆေးပေါလိပ်အား မီးခွက်ထဲထည့်လျက် မီးသတ်လိုက်သည်။

''သိပ်လိုတယ်မေမေ ချစ်ခြင်းမေတ္တာမပါတဲ့အိမ်ထောင်ရေးဟာဘယ်လိုများသာယာနိုင်ပါမလဲ ဖေဖေနဲ့မေမေရော တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်နှစ်သက်လိုပဲလက်ဆက်ထားကြတာမလား ဒါဖြင့်သားလဲ ချစ်ရတဲ့သူကိုပဲ လက်တွဲဖော်အဖြစ်ရွေးချယ်ချင်ရဲ့''

''မင်းအသက် ၃၀ ကျော်ပြီစိုင်းသိဒ္ဓိ ဒီအချိန်မယ်အချစ်ရှာရင်မင်းရှာတွေ့မယ့်အချစ်က အစစ်မဟုတ်ဘူး မင်းရဲ့နောက်ခံ မင်းရဲ့ရာထူး မင်းရဲ့စည်းစိမ်ကိုငတ်လို့မင်းဆီရောက်လာမယ့်လောဘချစ်ခြင်းပဲ''

''တော်ပါမေမေ ... ဒီလိုလောဘကြောင့်လာတဲ့ချစ်ခြင်းဆိုလဲသားကျေနပ်ရင်သားခံယူလိုက်မယ် မေမေတို့အတင်းကြပ်မလုပ်ပါနဲ့ သားဟာအရွယ်ရောက်ပြီးသားယောကျာ်းသားပါ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now