အပိုင်း ၉

6.8K 552 2
                                    

ဆက်ထင်အလုပ်စာရင်းစာရွက်တွေကြားအာရုံစိုက်ထားသည်မှာအချိန်အတော်ကြာနေပြီဖြစ်၏။ဒီကြားထဲစိတ်ညစ်စရာတွေ ရှင်းစရာကိစ္စတွေရောအတော်များသည်မလို့ငွေစာရင်းတွေကိုအာရုံမစိုက်နိုင်ပစ်ထားမိ၍ ပုံထပ်နေသည်မလို့ ဒီနေ့တော့အချိန်ပေးရတော့သည်။

~ဒေါက်ဒေါက်~

တံခါးခေါက်သံကြားရတော့ ဆက်ထင် လုပ်လက်စတွေကို ခဏဖယ်လိုက်ပြီးစာကြည့်မျက်မှန်ကိုချွတ်လိုက်သည်။

''ဘယ်သူလဲ''

''ကျွန်တော်ခတ္တာဗျ နွားနို့လာပို့တာခဗျ''

''ဝင်ခဲ့''

ဆက်ထင်စကားအဆုံးတံခါးဖွင့်သံကိုကြားရသည်ည်။ ထို့နောက် အခန်းအတွင်းဝင်လာသည့် ဖြူဖြူသေးသေးသတ္တဝါလေးမှာကြွေခွက်တစ်ခွက်နှင့်အတူအထဲဝင်လာ၏။

ကြည်လင်နေသည့်မျက်နှာနှင့်အတူ ထိပ်ဆံပင်တချို့ကိုကြိုးနှင့်စည်းထားသည့်မောင်ခတ္တာရဲ့မျက်နှာမှာနာနတ်သီးအသွင်ဖြစ်နေသည်မလို့ဆက်ထင်ပြုံးလိုက်မိသည်။ဆယ်ကျော်သက်ယောကျာ်းလေးတစ်ယောက်ဟာ ကလေးတစ်ယောက်ပုံစံနှင့်ပင်။ ဆက်ထင်ငယ်ရွယ်စဉ်တုန်းကထိုကောင်လေးအရွယ်တွင်အတော်လေးဖွံ့ဖြိုးပြီးအရပ်လဲရှည်နေပြီဖြစ်၏။သို့ပေမယ့်ဒီကောင်လေးလောက်တော့ဗဟုသုတမရှိသည်မှာတော့အမှန်။

နွားနို့ခွက်ကိုစားပွဲပေါ်သို့တင်လိုက်သည့်အခါ ဆက်ထင်မြင်လိုက်သည့်အရာကြောင့်မျက်ခုံးတွေစုကျုံ့သွားမိသည်။ခွက်ကိုစားပွဲပေါ်တင်၍ပြန်ရုတ်တော့မည့်လက်သွယ်သွယ်အားဆက်ထင်ဖမ်းဆွဲလိုက်သည်။

''အာ့...''

''လက်ကဘာဖြစ်သလဲမောင်ခတ္တာ''

လက်ဖမိုးကပြတ်ရှရာမှာအတော်လေးယောင်နေပြီးဘာဆေးမှလဲမထည့်ထား။ဒီလောက်ဖြူဖွေးနေသည့်အသားအရည်ပေါ်ထိုဒဏ်ရာကတော်တော်လေးကြည့်ရဆိုးနေသည်။

''အလုပ်လုပ်ရင်းသံနဲ့ခြစ်မိတာခဗျ''

''ဒါကိုဘာဆေးမှမထည့်ဘူးလား''

''အရီးစုံကဖြစ်ဖြစ်ချင်းဆနွင်းထည့်ပေးတယ်ခဗျရေချိုးပြီးတော့မရှိတော့တာဗျ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now