အပိုင်း ၇

7.3K 539 1
                                    

''အင်းယားမြိုင်အိမ်ဘက်ကိုသွားရအောင်မောင်ရင်''

ဒရိုင်ဘာအားပြောလိုက်သည့်အခါ အိမ်ပြန်သည့်လမ်းကြောင်းမှ ပြောင်း၍ အင်းယားမြိုင်အိမ်ဘက်သို့ ကားလေးဟာဦးတည်နေ၏။ ဆက်ထင် ဆန်စက်ဘက်လိုအပ်သည်တို့ကိုစစ်ဆေးပြီးအပြန် တွင် အတော်လေးအချိန်လင့်နေပြီဖြစ်၏။ ညနေစောင်းခါနီးဖြစ်သော်လည်း ရှင်းရမည့်ကိစ္စကရှိနေသေးသည်မလို့ ဆက်ထင် တစ်ခါထဲအပြတ်ဖြတ်ရန်တွေးလိုက်သည်။

တဖြည်းဖြည်းမောင်းနှင်လာသည့်ကားလေးအတွင်းဆက်ထင် မျက်လုံးအသာမှိတ်၍လိုက်လာခဲ့သည်။

မိနစ်၂၀ခန့်အကြာတွင် အိမ်ဝန်းနားသို့ရောက်လေ၏ ထိုအိမ်ကြီးမှာ ရေနံချေးဝနေသည့်ခန့်ခန့်ညားညားပျဉ်ထောင်အိမ်ကြီးဖြစ်ပြီး မျိုးဆက်ထင်၏အမွေစံအိမ်ဖြစ်သည်။ဖေဖေနှင့်မေမေ အိမ်ထောင်စကျထဲကထိုအိမ်မှာနေခဲ့သည်မလို့သက်တမ်းကတော့ဆက်ထင်အသက်ထပ်ဆယ်နှစ်လောက်တော့ကြီးမည်။

ဘိလပ်ကပြန်ရောက်ရောက်ချင်းဆက်ထင်ထိုအိမ်ကြီးမှာ ခေတ္တနေခဲ့သေးသော်လည်း အမေ့ရဲ့ညီမ တစ်ဦးတည်းသောဆွေမျိုးတော်စပ်သူအဖြစ်ကျန်နေခဲ့တဲ့ ဆက်ထင်ရဲ့အဒေါ်ဖြစ်သူ ဒေါ်ခင်မေသန်းဟာစီးပွားပျက်၍နေထိုင်စရာအိမ်မရှိတော့ကြောင်းငိုယို၍အကူညီလာတောင်း၏။ အပျိုပေါက်သမီးမိန်းကလေးနှင့်မုဆိုးမ တစ်ခုလပ် ဒေါ်ခင်မေသန်းကို တစ်ပါးသူအိမ်တွင်ကပ်နေရန်လဲမသင့်တော်ဟု ဆက်ထင်ဂရုဏာသက်မိကာ ထိုအိမ်ကြီးတွင်ဒေါ်ခင်မေသန်းကိုပေးနေခဲ့သည်။

ဆက်ထင်ကတော့ ဘိလပ်ကနေပြန်ပြန်ရောက်ချင်းကိုယ်တိုင်စိတ်တိုင်းကျ​ဆောက်ထားသည့်တိုက်အသစ်တွင် ပြောင်းရွေ့နေထိုင်ခဲ့သည်။ ထို့နောက်ပိုင်ဆိုင်သည့်လုပ်ငန်းထဲမှဖိနပ်စက်ရုံလုပ်ငန်းတစ်ခုကိုဒေါ်ခင်မေသန်းကိုဝမ်းရေးအသုံးချရန်ဆက်ထင်ပေးခဲ့သည်။သို့သော်...။

''ဟာကိုကိုကြီး...''

ဆက်ထင်ကားပေါ်ကဆင်းသည်နှင့်အပြေးအလွှားရောက်လာသည့် ဒေါ်ခင်မေသန်း၏သမီးကညှာဖြစ်သူ မေရီရီ ။

''အင်းမေရီ ကိုကိုကြီးဒီအခေါက်တော့လက်ဗလာနဲ့လာရတာတော့ခွင့်လွှတ်ချေ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now