🍁Part 66🍁

1.9K 60 4
                                    

[Unicode]

သောကြာနေ့။ အချိန်အားဖြင့် ညနေခင်း ၃နာရီတွင်ဖြစ်သည်။

မာန်တစ်ယောက် သက်ပြင်းတချချဖြစ်နေသည်။ သူ၏အကြည့်တို့က ရှေ့မှကွန်ပြူတာထဲတွင်သာ ရှိသော်လည်း အလုပ်ထဲဘယ်လိုမှ စိတ်နှစ်ထားလို့မရပေ။ အကြောင်းမှာတော့ ရုတ်တရက်ကြီး ရောက်ချလာကာ နားဒုက္ခလာပေးနေသော ချစ်သူငယ်ချင်းမလေး ကြယ်စင်ကြောင့်ပင်ဖြစ်သည်။ ကြယ်စင်က သူယူလာခဲ့သော ၀တ်စုံအား မာန့်အားဝတ်ခိုင်းနေပြီး တစ်နေရာရာသွားဖို့ လိုက်ခဲ့ရန်ခေါ်နေခြင်းဖြစ်သည်။ အခြားနေ့များတွင်သာဆိုလျှင် ကြယ်စင့်အလိုကျ လိုက်လျောမိမည်ဖြစ်သော်လည်း ဒီနေ့တော့မဖြစ်ပေ။ ခွန်းဆက်နှင့်သူ၏ မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်တာကြောင့် ခွန်းဆက်နဲ့နှစ်ယောက်တည်း အေးဆေးအချိန်ဖြုန်းနိုင်ဖို့ မာန်အိမ်သို့စောစောပြန်ပြီး ခွန်းဆက်သဘောကျလောက်မည့် ညစာလေးဖြစ်အောင် စီစဉ်မည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း ကြယ်စင်ကို မည်သို့ပြောရမည်ကို မသိ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဒီနေ့မှ လင်းသာကလည်း ခွင့်ယူလို့ထားသည်။ ထိုစဉ် ကြယ်စင်က မာန့်အလုပ်စားပွဲပေါ် လက်နှစ်ဖက်ဖြင့် ထောက်လိုက်ကာ

"မာန်! နင့်ကိုငါ အင်္ကျီဝတ်လို့ ပြောနေတယ်လေ"

မာန်ကတော့ ကြယ်စင်အား မျက်လုံးလန်ကာ ကြည့်လာသည်။ သူရှေ့မှ သူငယ်ချင်းမလေးက ဂါဝန်အဖြူလေးဖြင့် သိပ်ကိုချစ်စဖွယ်ကောင်းနေသည်။ ကြယ်စင်ကိုကြည့်ရင်း မာန်၏အတွေးတို့က လွန်ခဲ့သော နာရီဝက်လောက်ကို ပြန်ရောက်ရှိသွားတော့သည်။

အလုပ်စားပွဲတွင် ထိုင်ရင်း မာန်တစ်ယောက် အတွေးထဲမျောနေသည်။ မျက်နှာကလေးက ပြုံးယောင်သန်းနေကာ မျက်ဝန်းပြာလေးတို့ကလည်း ပျော်ရွှင်မှုကြောင့် တလက်လက်တောက်ပနေကြသည်။ ဒီနေ့က ခွန်းဆက်နှင့် သူ၏ နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် မာန်တစ်ယောက် အစီအစဉ်တစ်ချို့ချမှတ်လို့ထားသည်။

ပထမဦးစွာ ခွန်းဆက်နှင့်အတူ သူကိုယ်တိုင်မီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်ပြင်ဆင်ထားသော ညစာကို အေးချမ်းစွာ စားသောက်မည်။ ပြီးလျှင် ခွန်းဆက်နဲ့အတူ နှင်းဆီပန်းပင်များကြားတွင် romantic ဆန်စွာ ၀ိုင်အားနှစ်ယောက်အတူ သောက်သုံးမည်။ ထို့နောက် ခွန်းဆက်နဲ့အတူ သီချင်းများကို ပတ်ဝန်းကျင်တစ်ခွင်ပျံ့လွှင့်သွားအောင် သီဆိုမည်။ ပြီးလျှင်တော့ ခွန်းဆက်ပခုံးပေါ် ခေါင်းတင်လျှက် ခွန်းဆက်နဲ့အတူ ကြယ်လေးများကို ရေတွတ်မည်။ နောက်ဆုံးတွင်တော့ ကိုယ်တိုင်ဒီဇိုင်းဆွဲကာ ပုံဖော်ခဲ့သော လက်စွပ်လေးကိုပေးအပ်ကာ ချစ်စကားတို့သီဆိုရင်း ဒီညကိုကုန်ဆုံးစေမည်ဖြစ်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Onde histórias criam vida. Descubra agora