Chapter •ิ.• - 1 《 Z + U》

8.6K 245 16
                                    

တူညီ​သော ရလဒ်​ကို ဆွဲကိုင်​ရင်း အိမ်​အပြန်​လမ်းကို ခရီးနှင်​ခဲ့​သော လူနှစ်​ဦးအတွက်​ ဆန့်​ကျင်​ဘက်​ စိတ်​အ​ခြေအ​နေဖြစ်​​ပေါ်​နေသည်​။

ကား​ကို ဖြည်းဖြည်းချင်းဂရုတစိုက်​ ​မောင်း
ရင်း အပြုံးကြီး ပြုံး​နေသူတစ်​ဦးနှင့်
အတူယှဉ်​တွဲထိုင်​​နေသူက​တော့ ကားမှန်​ကို ထိုး​ဖောက်​ပြီး အပြင်​​လောကကို စိတ်​ပျက်​လက်​ပျက်​ ကြည့်​​နေသည်​။

============

"ဘယ်​လိုအ​ခြေအ​နေလဲ..?"

မျှော်​လင့်​ချက်​အပြည့်​နှင့်​ Mr kim တို့လင်​မယားနှစ်​ဦး ​မေးသည်​။

"​အောင်​မြင်​သွားပြီး appa!!"

Taeyeon ပီတိဖြစ်​၍ ပြုံးကာ​ပြောသည်​။

"Oh!! THANK U JESUS "

Ms kim ​အော်​မတက်​​​ပြောကာ taeyeon ကို​ပြေးဖက်​သည်​။

"​နောက်​ဆုံး​တော့ omma တို့ ဘ၀ထဲ
က​လေး​လေး ​ရောက်​လာပြီ​ပေါ့.."

Ms Kim မျက်​ရည်​များ​၀ဲလျက်​​ပြောသည်
ထိုမျက်​ရည်​ဟာ ၀မ်းနည်း၍ မဟုတ်​ ၊
ပျော်​လွန်း၍ ဖြစ်​သည်​။ သူတို့မိသားစု ၏
မြေးဦးကို tiffany က ကိုယ်​၀န်​ လွယ်​ထားရ၏..TAEYEON မှာ တစ်​ဦးတည်း​သော သမီးဖြစ်​၍ kim မိသားစုမှာ
က​လေးနှင့်​ပတ်​သတ်​၍ ရူးသွပ်​ကြသည်​..

Tiffany သူတို့မိသားစု​ပျော်​​နေသည်​ကိုမြင်​​သော်​လည်း သူမထို ပွဲတွင်​ မပါဝင်​ပါ။ မှန်​၏ ။ tiffany ထိုက​လေးကိုမလိုချင်​ခဲ့ပါ။ ထိုအချင်းအရာအတွက်​ အ​ကြောင်းပြချက်​​ကောင်း​ကောင်းလည်း သူမတွင်​ရှိသည်​..

အထက်​တန်း​ကျောင်းပြီးသည့်​အချိန်​မှစ၍ သူမ၏ အိမ်​​ထောင်​သည်​ဘ၀ကို စတင်​ခဲ့ရသည်​။ သူမလက်​ထပ်​သည့်​ သူမ၏
ခင်​ပွန်းသည်​မှာလည်း tiffany ထက်​ 10 နှစ်​​ကျော်​အသက်​ကြီးသည့်​ အမျိုးသမီးတစ်​ဦး kim taryeon ဖြစ်​၏။

နောက်​ဆုံးtiffany ဘွဲ့ရပြီး​နောက်​ သူမ ၀ါသနာပါသည့်​ ကို လုပ်​လို​သော်​လည်း
ယခု သူမ၏ ရည်​မှန်းချက်​ ကို ပိတ်​ပင်​မည့်​အ​ကြောင်းအရင်း ဖြစ်​​ပေါ်လာပြန်​သည်​။
ဆယ်​​ကျော်​သက်​အရွယ်​ကတည်းက အိမ်​​ထောင်​သည်​ဘ၀ ​ရောက်​လာ​သော်​လည်း
ယခု​နောက်​ဆုံး က​လေးတစ်​​ယောက်​၏ မိခင်​ဘ၀ကို ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​ ​ရောက်​မည့်​အ​ကြောင်း​တွေးတိုင်း tiffany ​သွေးများ​ပြောင်းပြန်​စီးကာ ​ဒေါသမီးများ​တောက်​​လောင်​​နေသည်​။

M I R R O RWhere stories live. Discover now