အထီးကျန်တဲ့အိမ်ကလေး..
မေတ္တာတရားကင်းမဲ့နေပြီ..အဖေဟုခေါ်စရာမရှိတဲ့ကလေးတစ်ယောက်ကို
လွယ်ထားရတဲ့သူမအတွက်..
အကျဉ်းတန်လွန်းသည်။စုတ်ပေပေ ညစ်နွမ်းနွမ်းစာရွက်တစ်ခုမှာ
ခံစားချက်တွေကို သွန်ချရေးနေမိသည်။
ပါးပြင်နဲ့မစိမ်းတော့တဲ့ မျက်ရည်များမှာလည်း သူ့တာဝန်ရှိသည့်အတိုင်း
Tiffany ၏မျက်ဝန်းအိမ်မှ ယိုစိမ့်လာပြန်၏။မမှိတ်မသုန် အလင်းရောင်ကြောင့်
Tiffany၏စိတ်များ ထိုင်းမှိုင်းနေသည်။
သူမရေတွက်ကြည့်ရသလောက်
Taeyeon အိမ်မပြန်လာသည့်ရက်
တစ်နည်းအားဖြင့် သူမနှင့်နောက်ဆုံးစကားများပြီး ထွက်သွားသည့်ရက်မှ
ယနေ့အထိ 10 ရက်ကျော်နေပြီဖြစ်သည်။ကိုယ်ဝန်သည်တစ်ဦးအတွက်..
အိမ်အကျယ်ကြီးတွင်..တစ်ယောက်ထဲနေရသည်မှာ ခြောက်ခြားစရာကောင်းလွန်းသည်။ တစ်ခါတစ်ရံ တွေးတောနေတတ်သလို ၊ တစ်ခါတစ်လေ ဂျောင်ကျကျနေရာတစ်ခုတွင်ငိုနေတတ်သည်။
စိတ်ဖြေဖျောက်စရာ သို့မဟုတ်
သူမ၏စိတ်ခံစားချက်အခြေအနေပြောင်းလဲဖို့လည်း tiffany မကြိုးပမ်းမိ။Hyunnie ရဲ့ပုံပြင်စာအုပ်အဟောင်းလေးများကို နားထောင်မည့်သူမရှိသော်လည်း သူမဖတ်ပြနေသည်။
သူမ၏အနာဂတ်လေးမှာတော့
ဗိုက်ထဲတွင် ဆော့ကစားနေလေရဲ့။
Tiffany ပီတိကြောင့်ပြုံးမိပြီး"ကလေးလေး...မြန်မြန်လာပါတော့နော်!!
Mommy မစောင့်နိုင်တော့ဘူး..
Mommy ကလူကောင်းမဟုတ်မှန်းသိပေမဲ့..၊ ကလေးလေးအတွက်မိခင်ကောင်းတော့ဖြစ်ချင်တယ်..!!"Tiffany သူမ၏ အနည်းငယ်ထွက်ခါစ
ဗိုက်ကလေးအားပွတ်၍ ပြောသည်။
ဒီခံစားချက်ကလေးမှာ..တစ်ခဏအတွင်း
သူမ၏ နှလုံးသားနှင့် ခန္ဓာကိုယ်တစ်ခုလုံးအားနွေးထွေးသွားစေ၏။တံခါးဖွင့်သံနှင့်အတူ tiffany
သူအားစိမ်းစိမ်းကားကားကြည့်နေသည့်
ခင်ပွန်းဖြစ်သူကိုတွေ့၏။
ထို့နောက်သူမလက်ထဲမှ ပုံပြင်စာအုပ်လေးအားဆွဲလုကာ..
![](https://img.wattpad.com/cover/140320923-288-k940861.jpg)