Chapter •ิ.• - 35《 Z +U》

2.2K 240 19
                                    

Taeyeonသက်​ပြင်းခပ်​ဖွဖွချမိ၏...

ဘေးနားရှိ ကလိကလိနှင့်​ငြိမ်​ငြိမ်​မ​နေဘဲ​ဆော့​နေ​သည့်​သူ့က​လေးများကို အာရုံမပြုနိုင်​သည်​အထိ taeyeon အ​တွေး၌ အ​ကြောင်းအရာတစ်​ခုတည်းကသာ အပ်​​ကြောင်းထပ်​​အောင်​​တွေး​တော​စေသည်​။

ယခုလည်းထပ်​၍ သက်​ပြင်းချမိပြန်​၏..

"Tae ဘာ​တွေ​တွေး​နေတာလဲ?"

Fany ~ taeyeon ​ဘေးနားတွင်​ အသာလှဲအိပ်​​လိုက်​ပြီး taeyeon ၏မျက်​နှာနုနု​လေးအားကြည့်​​နေသည်​။

Taeyeon ​ခေါင်းခါပြကာ fany အားလက်​​မောင်း​ပေါ်မှီအိပ်​​စေ၏။ fany လည်းtaeyeonအနားသို့တိုးလိုက်​ပြီး taeyeonကိုယ်​​ငွေ့ရသည့်​အထိနီးကပ်​စွာ​နေလိုက်​သည်​။
Taeyeon ၏ကိုယ်​သင်းရနံ့​လေးက ​လေ​ဝှေ့တိုက်​တိုင်း fanyရှုရှိုက်​မိစမြဲသာ...
Tiffany ၏​ပျော်​ရွှင်​မှုက ခန္ဓာကိုယ်​အနှံ့သို့ဖြတ်​သန်းစီးဆင်း​နေ၏....

Fany ကြည်​နူးရိပ်​လွှမ်း​နေသည့်​အပြုံးတစ်​ခုကို
Taeyeon အချိန်​ကြာကြာစိုက်​ကြည့်​​နေမိသည်
သစ်​​ကြော​လေးများကြား..အရွက်​သားကို
နေမင်း၏အလင်း​ရောင်​က​ဖောက်​ထွင်း၍
ဖြာကျ​နေခြင်း​ကြောင့်​ စိမ်းဝါ​ရောင်​က​လေးများ​က
Taeyeonတို့မြင်​ရသည့်​အရာတိုင်းကို ဖုံးလွှမ်း​နေသည်​...

"ငါတို့ပြန်​ကြ​တော့မလား?"

Taeyeon ပုံစံမှာလန်းဆန်းခြင်းမရှိသကဲ့သို့ ဤ​နေ့ခရီးစဉ်​အား​ပျော်​ရွှင်​​နေခြင်းလည်းသိပ်​မ​တွေ့။
နောက်​​ဆုံး ​ပြုံးလျှင်​ပင်​အသက်​မပါ...

"မင်းပြန်​ချင်​​နေပြီလား..fany!! ပြန်​ကြမယ်​​လေအဲ့တာဆို..!!"

Taeyeon တို့ပစ္စည်းများ​ကောက်​သိမ်းပြီး
ထို​ပန်းခြံထဲမှပြန်​ထွက်​လာကြ၏...

လှည်းထဲရှိပုဂ္ဂိုလ်​များမှာ​တော့သူတို့မမြင်​ဖူးသည့်​ပတ်​၀န်းကျင်​ကိုအထူးအဆန်းသဖွယ်​လိုက်​ကြည့်​​နေ၏။

"Tae...ငါတို့ဓာတ်​ပုံရိုက်​ကြမလား?"

"ရတယ်​​လေ..!!"

M I R R O RWhere stories live. Discover now