"Hyo ဒီအထိ ဘာကိစ္စရှိလို့လဲ"
ကလေးနှစ်ယောက်ကို ချီပွေ့ပြီးရွာထဲလျှောက်ပတ်ကြည့်ရန်အိမ်ထဲမှထွက်လာသော taeny နှစ်ယောက် ၊ ခြံတံခါးနားတွင် ရစ်သီရစ်သီနှင့်
မျက်နှာမကောင်းကာ ရပ်စောင့်နေသည့်
Hyoyeonကိုတွေ့လိုက်ရသည်။" အရေးကြီးတယ်..taeyeon !!"
Hyoyeonမျက်နှာအနေအထားအရ အမှန်တကယ် ပြဿနာတစ်စုံတစ်ခုကြီးကြီးမားမားဖြစ်နေမှန်း taeyeonရိပ်မိသည်။
Fany အား blueberry လေးအား လက်လွဲချီပွေ့ခိုင်းကာ
"အရင်သွားနှင့်လိုက်ပါ fany !! ငါနောက်ကနေလိုက်လာမယ်.."
Fanyလည်းစိုးရိမ်စိတ်လွှမ်းနေသော မျက်ဝန်းများနှင့် taeyeonအားလှမ်းကြည့်သည်။
သူမကြောက်သည်...ခက်ခက်ခဲခဲ
တစ်ဆင့်ချင်း တစ်ဆင့် ပြန်လည်သင့်မြတ်စေရန်တည်ဆောက်ထားသည့် သူတို့၏ဆက်ဆံရေး
မထင်မှတ်ထားသော ပြဿနာကြီးတစ်ခုကြောင့်
ပျက်စီးယိုယွင်းသွားမည်ဆိုတာကို ။"မစိုးရိမ်ပါနဲ့~ ငါဘယ်တော့မှ မင်းနဲ့ berriesလေးတွေကို စွန့်လွတ်မှာမဟုတ်ဘူး..!!"
Tiffany ခပ်ဖွဖွပြုံးကာ ခေါင်းငြိမ့်ပြသည်။
ယုံကြည့်ချက်လေးတစ်ခုက မသေချာတဲ့အနာဂတ်ခရီးကို လှလှပပဇာတ်သိမ်းစေမလား.....မျှော်လင့်ရုံမှအပမတတ်နိုင်ခဲ့ချေ။======================
"ပြော hyo ဘာဖြစ်လို့လဲ"
"Chairman အကုန်သိသွားပြီ taeyeon"
Hyoyeon၏ ခပ်တိုတိုစကားလေးတစ်ခွန်းအပြင်
Taeyeon အနားရှိပတ်ဝန်းကျင်မှာ အသံတစ်စုံတစ်ရာမထွက်ခဲ့။နောက်ကျောမှီချလိုက်ကာ စတင်ကိုက်ခဲစပြုလာသည့် ခေါင်းကိုပြင်းပြင်းထန်ထန်နှိပ်လိုက်သည်။ taeyeon သက်ပြင်းချသံခပ်ပြင်းပြင်းက သူမမည်မျှစိတ်ကျဉ်းကျပ်နေမှန်းကို ပုံရိပ်ထင်ဟပ်စေ၏။