Chapter •ิ.• - 9 《Z+U》

1.8K 207 27
                                    

ကျောင်းထဲမှ..အာတာပူစီအလုံး​လေး လိမ့်
လာသလို..လုံးလုံး​လေးထွက်​လာ​သော
Seohyun သူ့အ​ဖေကို​တွေ့သည့်​နှင့်​​ပျော်​ကာ ၀မ်းသာအားရ​ပြောဖက်​သည်​။

"Daddy!!"

"Hyunnie ​လေး​ကျောင်းမှာ​ပျော်​လား?"

Taeyeon သူ့သမီးကို နမ်းရှုံကာ ​ပြော၏။

"​Mommy!!"

Seohyun​လေး တစ်​ခါမျှသူမ​ကျောင်းသို့
မလာဖူးသည့်​ လူထူးဆန်းကို အံ့သြစွာကြည့်​သည်​။ Tiffanyမှာ​တော့
ကားကိုမှီထားကာ လက်​ပိုက်​၍
သားအဖနှစ်​​ယောက်​ကို ကြည့်​​နေ၏။

"အိမ်​ပြန်​ရ​အောင်​..!!daddy ~ hyunnie
အတွက်​ surprise ပြင်​ထားတယ်​"

Seohyun​လေးကို ခါးပတ်​ပတ်​​ပေးပြီး​နောက်​ taeyeon တို့အိမ်​အပြန်​ခရီး​လေးစတင်​သည်​။

"Daddy!! Gogo က​လေ..သနားဖို့​ကောင်းတယ်​"

အပြင်​ဘက်​​ငေးကြည့်​ရင်း seohyun​လေး စကားစလိုက်​သည်​။

"ဘာလို့လည်းအသဲ​လေး?"

Taeyeon ကြင်​ကြင်​နာနာနှင့်​​မေး၏။

"သူကလမ်း​နှေး​နှေး​လေးဘဲ..​လျှောက်​နိုင်​တယ်​..သူတစ်​​နေရာရာသွားချင်​ရင်​​တောင်
သူ့​ခြေ​ထောက်​​လေး​တွေက..တိုလို့
မြန်​မြန်​မ​ရောက်​နိုင်​ဘူး.."

"Arr!!သူကလိပ်​က​လေးကို babyရဲ့
သူ့အတွက်​​တော့..ဒါကပုံမှန်​ဘဲ​လေ!!"

Taeyeonနှင့်​ seohyun အ​ရေးမကြီးသည့်​ အ​ကြောင်းအရာများကို
စကား​ဖောင်​ဖွဲ့ကာ​ပြော​သော်​လည်း
Tiffanyအတွက်​ နားညီးရုံမှအပမထူးခဲ့ပါ။

ထို​ကြောင့်​ သူမမျက်​စိကို အနား​ပေးကာ
အိပ်​ဖို့ရန်​ ကြိုးစားလိုက်​သည်​။

==========

"ဟုတ်​ပြီ...​ရေ​လေး ​ဖြေး​ဖြေးစီ​လောင်း​ပေး​နော်​.."

ပန်းအိုးအ​သေးစားအချို့ထဲရှိ​မြေသား
ကို တူးဆွရင်း အ​စေ့ကို စိုက်​လိုက်​သည်​။

"ရပြီလား..daddy"

Seohyun သူ့အ​ဖေနှင့်​အတူစိုက်​ထားသည့်​ ပန်းမျိုး​စေ့အချို့ကို 
ရေ​လောင်းရင်း​မေးသည်​။

M I R R O RWhere stories live. Discover now