Chapter •ิ.• - 26 《Z + U》

2.9K 259 73
                                    

"Taeyeon~taeyeon !! Tae tae tae tae tae
Taeyeon...."

ရုံးခန်းထဲသို့ ​ပေါက်​ကရ​အော်​ဆိုလျက်​၀င်​လာသည့်​ yoona ကို taeyeon အမြန်​ပါးစပ်​​ပြေးပိတ်​သည်​။

"Ya ဘာလုပ်​တာလဲ?"

Yoona ဗလုံးဗ​ထွေး ​နှင့်​​ပြောကာ taeyeon ၏လက်​အားအတင်းဆွဲဖြုတ်​သည်​။

"တိုး..တိုး..yoon !! က​လေး​တွေအိပ်​​​ပျော်​​တော့မယ်​"

Taeyeon ၏က​လေး​တွေဆို​သောစကား​ကြောင့်
Yoona တအံ့တသြကြည့်​သည်​။

"ဘယ်​က က​လေး​တွေလဲ..နင်​အခြားတစ်​​ယောက်​​ယောက်​နဲ့များ ကိုယ်​၀န်​ရှိ​အောင်​လုပ်​ထားတာလား..!!"

"ငါ့ကို မဟုတ်​ဘူးလို့​ပြောစမ်းပါ"

Yoona အသံအုပ်​အုပ်​​လေးဖြင့်​ စိုးရိမ်​တကြီးနှင့်​​မေးသည်​ ။

Taeyeon လှည်း​လေးနှစ်​ခုစီသို့ ​ခြေဦးတည်​လိုက်​ကာ

"ငါ့ကိုအဲ့လိုအထင်​​သေးတယ်​​ပေါ့"

Taeyeon လှည်းထဲရှိတစ်​စုံတစ်​ခုကိုစိုက်​ကြည့်​ရင်း​ပြော၏။

Yoona ခွန့်တုံ့​မပြန်​ခင်​ taeyeon အနားသို့
လျှောက်​သွားသည်​​။ လှုပ်​စိလှုပ်​စိနှင့်
ချိုလိမ်​စုတ်​ကာ taeyeon ၏လက်​ညိုးအားဘယ်​တစ်​ဖက်​ညာတစ်​ဖက်​ညတစ်​​ချောင်းစီကိုင်​ထား​သော ၀က်​​ပေါက်​​လေးနှစ်​​ကောင်​အား​တွေ့ရသည်​။ yoona အ​တွေးမမှားပါ။
အမှန်​တကယ်​ fany ဆင်​​ပေးလိုက်​သည့်
အင်္ကျီမှာ ၀က်​ရုပ်​ပုံပန်း​ရောင်​အင်္ကျီ​လေးဖြစ်​ပြီး
ခေါင်း၌လည်း ၀က်​ရုပ်​​ဦးထုပ်​​လေး​ဆောင်း​ပေးထား၏။

"Omo..ငါ့အသဲ​လေး​တွေ..!! "

Yoona တစ်​​ယောက်​ ​အော်​ကြီးဟစ်​ကျယ်​နှင့်
က​လေး​တွေကို ချီ​ပွေ့ရန်​ပြင်​ဆင်​တုန်း
Taeyeon မျက်​​စောင်းက ဒိန်းကနဲ ​ရောက်​လာသည်​။

"တိတ်​တိတ်​​နေ yoon ~ အိပ်​​နေကြတယ်​"

Taeyeon ၏အသံမှာ မကျယ်​​သော်​လည်း
အမှန်​တကယ်​ ​သူ့သမီးများနိုး​အောင်​လုပ်​လျှင်
ရန်​ပြုမည့်​အတိုင်း မာ​ကျော​နေ၏။

M I R R O RWhere stories live. Discover now