Chapter •ิ.• - 45[Final]《Z+U》

3.6K 256 12
                                    

တောင်​ကုန်း​လေးတစ်​ခု​ပေါ်တွင်​ လှုပ်​လှုပ်​ရှားရှားအရိပ်​​ရောင်​များ​တွေ့​နေရသည်​။
မြေသားထုတစ်​ခု​ရှေ့တွင်​စိုက်​ထူထားသည့်
ကျောက်​သား​ပေါ်ရှိစာလုံး​လေးကို
Taeyeon လက်​က​လေးဖြင့်​ခပ်​ဖွဖွထိ​တွေ့ကြည့်​ကာ သူသိပ်​မြတ်​နိုးရသည့်​နာမည်​​လေးတစ်​ခုကို​ရေရွတ်​၏။

"Kim seohyun "

Taeyeon ၏အပြုံးနုနုနှင့်​အတူ သူမ သိပ်​ချစ်​သည့်​သမီး​လေးကိုသတိရစိတ်​က မျက်​၀န်းအိမ်​ရှိရစ်​၀ဲ​နေ​သောမျက်​ရည်​များကို ​မြေသို့ကျ​စေ၏။
ညာဘက်​လက်​တွင်​ကိုင်​ထားသည့်​ပန်းစည်း​လေးကိုအသာအယာချကာ ​မြေ​ပေါ်သို့taeyeon
ထိုင်​ချလိုက်​သည်​။

"Daddy ကတိတည်​တယ်​မဟုတ်​လား Hyunnie! Hyunnieရဲ့ ညီမ​လေး​တွေတင်​မကဘူး..၊hyunnie' mommyကိုပါ အပါ​ခေါ်လာ
နိုင်​ခဲ့ပြီ..!! Daddy သမီး​လေးကိုအရမ်းသတိရ​တယ်​..~​နောက်​ကျမှ​ရောက်​လာခဲ့တဲ့အတွက်
တောင်းပန်​ပါတယ်​က​လေးရယ်​.."

Taeyeon သူ့မျက်​ရည်​​တွေကိုသုတ်​ကာ
ပြုံး၏။ သူမ၏သမီးဦး​ ​လေး ကို တစ်​ခါမှမ​မေ့ခဲ့ပါ။

တဖြူးဖြူး တိုက်​​နေသည့်​​လေ​​အေး​အေးကို
ရှုရှိုက်​ကာ မျက်​စိမှိတ်​ချလိုက်​သည်​။
အနားတွင်​ထိုင်​​နေသည့်​fanyရယ်​၊ သူမရင်​ခွင်​ထဲတွင်​၀င်​​ခွေ​နေသည့်​အမွှာ​လေးများရယ်​...
နောက်​...သူ့အချစ်​ဦးသီး​လေးရယ်​...
သူ့မိသားစုစုံစုံလင်​လင်​အနားမှာရှိသည့်​အတွက်
Taeyeon ​ကျေနပ်​ပါသည်​။

"ဘယ်​ရီ​လေးတို့..ဒါဘယ်​သူလဲသိလား?"

ဓာတ်​ပုံ​လေးတစ်​ခုကို ရင်​ခွင်​ထဲရှိသူ့သမီးများအားပြသည်​။
အမွှာနှစ်​​ယောက်​လုံးက ​ခေါင်းခါ၍ သူ့ကို​မော့ကြည့်​ကြသည်​။ taeyeon သူ့သမီး​လေးများ​ခေါင်း​ပေါ်​မေးတင်​ကာ ဆံပင်​​လေးအားပွတ်​သပ်​​ပေးသည်​။

"သူက..ဘယ်​ရီ​လေးတို့ရဲ့မမ​ပေါ့..!!
Hyunnie တဲ့..ဘယ်​ရီ​လေးတို့ကိုသာ သူမြင်​ရင်​.."

Taeyeon စကားဖြတ်​လိုက်​ပြီး သက်​ပြင်းခပ်​ဖွဖွချသည်​။

"သိပ်​ချစ်​မှာ...သူ့ညီ်​​မ​လေး​တွေကို..သူသိပ်​ချစ်​မယ်​ဆိုတာ daddyသိတယ်​..!!"

M I R R O Rحيث تعيش القصص. اكتشف الآن