Chapter •ิ.• - 36 《Z + U》

2.1K 232 33
                                    

"အသဲ​လေးတို့ထ​တော့​လေ... မင်းတို့​နောက်​ကျရင်​..မင်းတို့ကြိုက်​တဲ့ သကြားလုံး​လေး​တွေနဲ့
နှစ်​ရက်​တိတိ​ဝေးရမယ်​​နော်​..!!"

Tiffany ၏သာမှန်​မနက်​ခင်း​လေးတစ်​ခုပါ။
နေထွက်​လာသည်​မှ ​နေ၀င်​ချိန်​ထိ ချစ်​စရာသူသမီး​လေး​တွေနဲ့အချိန်​ကုန်​ဖြစ်​သည်​။
ပြောရလျှင်​...အလဟာသ အချိန်​ပြုံးတီးခြင်းမဟုတ်​ပါ...

စိတ်​ဓာတ်​ကြံ့ခိုင်​သူ tiffany အတွက်​ taeyeon ၏စွန့်​ခွာခြင်းက ပြိုလဲခြင်းနှင့်​အဆုံးသတ်​မည်​​မဟုတ်​ခဲ့​ချေ... သူမ ငိုခဲ့သည်​...သို့​သော်​ သူမ၏ချစ်​စရာ အချစ်​သီး​လေးများ​ရှေ့ တွင်​မဟုတ်​။

မည်​မျှပင်​ ပင်​ပန်းပါ​စေ...tiffany အ​ကောင်းဆုံး
ဘယ်​ရီ​လေးများကိုပြုစုပျိုး​ထောင်​ခဲ့သည်​။
Taeyeon ကိုသူမလုံးဝမမုန်းခဲ့ပါ...
က​လေးများက သူတို့ဖခင်​နှင့်​ပတ်​သတ်​ပြီး​မေးလျှင်​ သူမအမှန်​အတိုင်း​ပြောပြသည်​...

သူတို့၏ဖခင်​ ဘယ်​​တော့ပြန်​လာမည်​ကို​မေးတိုင်း
သူမ​ဖြေစရာ​အ​ဖြေမရှိခဲ့...

အမှန်​ဆိုလည်းမသိခဲ့...taeyeon​ပျောက်​​နေသည်​မဟုတ်​ဘဲ ပုန်းကွယ်​​နေမှန်းသူမသိသည်​။

ထို့​ကြောင့်​ သူမလုပ်​နိုင်​သည့်​အလုပ်​က​စောင့်​​နေရုံ​​လေးသာ။

Yoona , hyoyeon တို့၏မျက်​၀န်း၌တစ်​ခုခုအားဖုံးကွယ်​ထားသကဲ့သို့ taeyeonနှင့်​ပတ်​သတ်​သည့်​ဇာတ်​​ကြောင်းတစ်​ခုခုသိ​နေသည်​ဟု
ဖော်​ပြ​သော်​လည်း...သူမ​ မ​မေးခဲ့ပါ။

နောင်​တစ်​ချိန်​ပြန်​​တွေ့မှ taeyeonနှုတ်​ခမ်းမှ
ကိုယ်​တိုင်​​ဖြေရှင်းချက်​ကိုနား​ထောင်​ချင်​သည်​..
ထိုအခွင့်​အ​ရေးမှာမ​သေချာ​သော်​လည်း..
သူမ ​မျှော်​လင့်​မိသည်​...

"Mommy..."

နှုတ်​ခမ်းနီနီ​လေးမှ ​ချွဲနွဲ့ပြီး...မျက်​​တောင်​​ကော့​ကော့​လေးဖြင့်​မျက်​၀န်းညို​လေးမှ.. ​ခေါ်ဆို၏။
ဆံပင်​​ကောက်​​ကောက်​​လေးများနှင့်​ မသိလျှင်​အိပ်​ရာထခါစပုံမှာ အ​ဒေါ်ကြီးနှင့်​​တောင်​တူသည်​။ ဗိုက်​က​လေးပူပူ​လေးနှင့်​ ​ဖောင်း​နေသည့်​ပါး​ရဲရဲ​​လေးနှစ်ဖက်​ရှိသည့်​ က​လေး​လေးကို tiffanyချီလိုက်​သည်​။

M I R R O RWhere stories live. Discover now