Chapter •ิ.• - 6 《 Z + U 》

1.9K 197 18
                                    

"ငါ​ကျေနပ်​တယ်​... sunny!!"

လက်​ဖ၀ါးအနှံ့ဖြန့်​ကျက်​​နေ​သော ​​ဆေး
အ​ရောင်​စုံကိုကြည့်​ရင်း tiffany ခပ်​ပြုံးပြုံး​ပြောသည်​။ မသိမသာ ခိုတွဲ​နေတဲ့
မျက်​ရည်​များလည်း မျက်​၀န်းအနီး
ရစ်​၀ဲလျက်​။

အောင်​မြင်​မှုရဲ့အရသာ၊
နှစ်​​ပေါင်းများစွာ သူမဘ၀ကိုစ​တေးပြီး
ပျိုး​ထောင်​ထားတဲ့ ၀ါသနာမျိုး​စေ့​လေး
နောက်​​ဆုံး အမြစ်​တွယ်​ပြီး ကြီးထွားလာ​တော့မည်​။

တန်​ရာတန်​​ကြေးပြန်​ရတယ်​မဟုတ်​လား..
သူမမိသားစု ၊ သူမသမီးနှင့်​ ပတ်​၀န်းကျင်​ရဲ့ ထင်​မြင်​ချက်​ကို​တောင်​ လစ်​လျူရှုပြီး
တက်​လှမ်းလာတဲ့ ပန်းတိုင်​ က
တစ်​ဖြည်းဖြည်းနှင့်​ ရုပ်​လုံး​ပေါ်လာပြီးဖြစ်​၍ tiffany မည်​သည့်​အရာကိုမှ မနှ​မြောပါ။

" နင်​မိသားစုကို အသိ​ပေးဦးမလား?
သတင်း​ကောင်းဆို​တော့..သူတို့သိသင့်​တယ်​"

"Daddy!!"

"မဟုတ်​ဘူး​လေ... taeyeon နဲ့ နင့်​သမီး"

"ဟာ...!!"

Tiffany မျက်​​မှောင်​ကြုတ်​ ကာ sunny
ကိုမ​ကျေမနပ်​ကြည့်​သည်​။

"Sorry!! သူတို့သိသင့်​.."

Sunny စကားမဆုံးခင်​ tiffany ဖြတ်​​ပြော၏။

"မလိုဘူး.. ငါ့ဘ၀ရဲ့ ကိစ္စတိုင်း သူတို့မပါဘူး..၊ မဆိုင်​ဘူး ၊
ငါ့ဘ၀ငါပိုင်​သလို..!! ငါ​ရွေးတဲ့လမ်းမှာ
တစ်​စုံတစ်​ဦးရဲ့ ထင်​မြင်​ချက်​ ၊ အကြံ​ပေးချက်​ကို နား​ထောင်​ပြီး ​လျောက်​တာလဲမဟုတ်​ဘူး..!! "

Sunny ​ခေါင်းခါရင်း fanyအား မကြားတကြားအသံ​လေးနှင့်​​ပြော၏။

"နင်​ အတ္တအရမ်းကြီးလွန်း​နေပြီ!!"

Fany ကြား​သော်​လည်း လှည့်​ထွက်​သွား​သော sunny ကို လစ်​လျူရှုလိုက်​သည်​။

=========

"Hey!! နိုးပြီလား..!!"

မျက်လုံးကို အိပ်​ချင်​မူးတူးနှင့်​ပွတ်​​နေ​သော seohyun ​လေးကို taeyeon
ပြုံးလျက်​ကြည့်​​နေ၏။ seohyun ​လေး
အိပ်​ချင်​စိတ်​​ပြေမှ.. taeyeon ​ပွေ့ချီကာ
အခန်းအပြင်​သို့​​ခေါ်သွား၏။

M I R R O RWhere stories live. Discover now