Chapter •ิ.• - 37 《Z + U 》

2.2K 241 40
                                    

တိတ်​တဆိတ်​ စား​သောက်ေ​​နသည့်အ​​နေအထားအေးစက်​စပြုလာသည့်​​ကော်​ဖီခွက်​အတွင်းရှိအဖြူ​ရောင်​ရေ​နွေး​ငွေ့များလွင့်​ပျက်​လုနီးနီးထိကြီးစိုး​နေသည်​။

ကွတ်​ကီးတစ်​ပိုင်းတစ်​စကိုဖွဖွ​လေးကိုက်​ရင်း
သူ့အကြည့်​က စ​တော်​ဘယ်​ရီယိုထဲသို့နစ်​၀င်​​နေ၏။

သူ့သမီး​လေးများနှင့်​မကြာခင်​​တွေ့ရ​တော့မည်​ဆိုသည့်​အ​တွေးက သူ့၏​​ပျောက်​ဆုံး​နေ​သော​ပျော်​ရွှင်​မှုကိုပြန်​၍ နလန်​ထူ​စေသည်​။

တစ်​​နေ့...သူတိတ်​တခိုးသူ့သမီး​လေးများအားသွားခိုးကြည့်​ခိုက်​...တစ်​​ယောက်​နှင့်​တစ်​​ယောက်​မပီကလာပီကလာနှင့်​သူ့အ​ကြောင်း​ပြော​နေသည်​ကိုကြားခဲ့ရသည်​။
Fany​ပြောပြသည့်​သူ့အ​ကြောင်းကို
အပြန်​အလှန်​လူကြီး​လေးများကဲ့သို့​ဆွေး​နွေး​နေသည့်​အ​ကြောင်းဖြစ်​၏။

မသိလျှင်​ကိစ္စကြီး​ပေါ့...
သူတို့အမွှာ​လေးနှစ်​​ယောက်​ကဲ့သို့
Taeyeon လည်း ​ချောကလတ်​ကိုနှစ်​ခြိုက်​ပါ့မလား?

ပြီး​တော့..သူတို့ရဲ့ nicknameများက စ​တော်​ဘယ်​ရီ.၊ဘလူးဘယ်​ရီဖြစ်​၍
Taeyeon၏nicknameက​တော့...
သူတို့အကြိုက်​သစ်​သီးနာမည်​များ​ပေးကြသည်​..
ငှက်​​ပျောသီးလည်းပါသည်​...ပန်းသီးပါမချန်​။

သူတို့စိတ်​ထဲတွင်​ သူတို့ဖခင်​၏ nicknameမှာသူတို့ကဲ့သို့အသီးနာမည်​ဖြစ်​ရမည်​ဟု​တွေးထင်​​နေကြ၏.....

Taeyeon ထိုအဖြစ်​အပျက်​​လေးကို​တွေးရင်းပြုံးမိသည်​။

ပေါက်​ကရ​လုပ်​တတ်​သည်​မှာမည်​သည့်​​သွေးများလည်းမသိ...​သေချာသည့်​အချက်​က
သူ့​သွေးလည်းပါ၏..

"Taeyeon ya!!"

သူ့မိခင်​၏​ခေါ်သံကြားပြီး​နောက်​..လက်​​တွေ့ဘ၀ထဲသို့ပြန်​​ရောက်​လာ၏။
အ်ုမင်း၍ အ​ရေးအ​ကြောင်း​ပေါ်​နေသည့်​သူ့မိခင်
ယခုနှစ်​များအတွင်းဖခင်​ကိုပြုစုရ၍ အ​တော်​ပင်
နုပျိုမှု​လျော့ပါး​နေ၏။

"Nae...omma"

Taeyeon ကြင်​ကြင်​နာနာ သူ့မိခင်​လက်​​လေးကိုကိုင်​ကာပြန်​ထူး၏။

M I R R O ROnde histórias criam vida. Descubra agora