Chapter •ิ.• - 39 《Z + U》

2.5K 230 49
                                    

Fanyတို့သားအမိMs Kim တို့အိမ်​တွင်​ညအိပ်​ဖို့ရန်​ဆုံးဖြတ်​လိုက်​သည်​။ ညအိပ်ဝတ်​စုံ
လေး​ယောက်​ဆင်​တူလဲပြီး ကုတင်​​ပေါ်တွင်
TaeNyမိသားစုအတင်း​တိုးအိပ်​ကြ၏။

MS Kim က အခြားအခန်းတွင်​ခွဲအိပ်​၍လည်း
ရ​ကြောင်း​ပြော​သော်​လဲ ​မရ 
လေး​ယောက်​သားအတင်းငြင်းကြသည်​။

ပြဿနာက​တော့ ​နေရာခွဲတမ်းပြဿနာ။
ဘယ်​ရီ​လေးများငယ်​စဉ်​ကအလယ်​တွင်​ထား၍
taenyနှစ်​​ယောက်​အိပ်​​သော်​လည်း
ယခုမှာ​တော့ taeyeon ကအတင်းးfanyအားအလယ်​တွင်​အိပ်​​စေလိုသည်​။

"ဘာလို့လဲtae? က​လေး​တွေက​ထောင့်​မှာအိပ်​ရင်​ပြုတ်​ကျမှာ​ပေါ့..!!"

"No ~ သူတို့​လေး​တွေအိပ်​တတ်​ပါတယ်​!!
ငါ့​ဘေးမှာအိပ်​စမ်းပါfanyရယ်​"

ခေါင်းအုံးပိုက်​ပြီးကုတင်​​ခြေရင်းတွင်
နေရာခွဲတမ်းချ​နေသည့်​သူတို့မိသားစု
ဒီတစ်​ညအိပ်​ဖြစ်​မည်​မထင်​။
ဟို​ပေါက်​စများကလည်းအိပ်​ချင်​လာ၍
မျက်​လုံးတပွတ်​ပွတ်​နှင့်​သမ်းပြ​နေသည်​။

"Daddyကြီးအိပ်​ချင်​ပြီ!!"

"အိပ်​​လေ...စ​တော်​ဘယ်​ရီ​လေးရဲ့~
Daddy က Mommyနှင့်​အနီးကပ်​​ပြောစရာရှိလို့"

"​ပြောစရာရှိလဲမနက်​မှ​ပြောပါလား...tae!!
အခု​တောင်​ ဘယ်​ရီ​လေး​တွေအိပ်​ချိန်​​နောက်​ကျ​နေပြီ!!"

မည်​သို့ပင်​ဆူညံ​နေပါ​စေ...ဘလူးဘယ်​ရီ​လေးက​တော့​မှောက်​လျက်​သားနှင့်​ကန့်​လန့်​ဖြတ်​အိပ်​​ပျော်​​နေသည်​။

"အခုကြည့်​...သူတို့အိပ်​ချိန်​ထက်​​ကျော်​​နေလို့
ဘလူးဘယ်​ရီ​လေးအိပ်​​ပျော်​​နေပြီ!!"

"ဒီအတိုင်းအိပ်​ကြရ​အောင်​​နော်​tae?"

ညအိပ်​၀တ်​စုံအပွနှင့်​ ​ပေကပ်​​ပေကပ်​ရပ်​​နေသည့်​taeyeonတစ်​​ယောက်​ ယခုထိ​ခေါင်းမငြိမ့်​​သေး။
က​လေးဆန်​စရာမရှိကြံဖန်​​ဆန်​တတ်​သည်​။

"အာ...သိပြီ...ကန့်​လန့်​ဖြတ်​အိပ်​ရင်​ရမှာဘဲ!!"

နောက်ဆုံး​Tiffanyလက်​​မြှောက်​အရှုံး​ပေးလိုက်​ရသည်​။ နံရံရှိသည့်​ဘက်​တွင်​ ဘလူးဘယ်​ရီကို
ထားပြီး...သူမအနားတွင်​​တော့အငယ်​​လေးကိုထားသည်​။

M I R R O RWhere stories live. Discover now