တိတ်ဆိတ်နေသည်ကို နှစ်သက်သည့်သူမအဖို့တော့ ကလေးတစ်ယောက်ရဲ့
ပြေးလွားဆော့ကစားသံက ဒေါသစိတ်ကိုဖြစ်ပေါ်စေသည်။တမင်သက်သက် အိမ်နောက်ကျကာ
ပြန်လာသော်လည်း ထိုမျက်စိနှောက်ဖွယ်
ခြောက်နှစ်အရွယ်ကလေး၏ လှုပ်ရှားမှုက
Fany အိမ်ထဲခြေစချလိုက်ကတည်းကမြင်နေရသည်။သူမကိုမြင်တော့ ရန်သူတစ်ယောက်လိုကြည့်နေ၏။ fany လုံးဝမကြိုက်ပါ။
တစ်ထေရာထဲတူညီသည့် fany အပေါ်
အနိုင်ထက်စီးလုပ်သောtaeyeon၏အကြည့်က
Seohyun အပေါ်တွင်အမွေပါလာ၏။Fany ဆံပင်ကို ခပ်ကြမ်းကြမ်းသပ်တင်ကာ သူမအတွက်သီးသန့် ပန်းချီခန်းထဲ သို့ဝင်သွားသည်။
ထို့နောက် fany ဆိုးဝါးသော အော်သံထွက်ပေါ်လာ၏။
"ဒါဘယ်သူလုပ်တာလဲ!!!!"
လက်ထဲ၌ ပိတ်ကား တစ်ချပ်..
ပိတ်ကားပေါ်တွင် ဖရိုဖရဲဖြစ်နေသော
ဆေးမှင် တစ်ချို့.."နင်ဘဲ..မဟုတ်လား.."
Seohyun ၏ ဒေါသတောက်လောင်နေသော မျက်လုံးများနှင့်ကြည့်ကာ
လက်ညိုးထိုးရင်း ပြောသည်။Seohyun လေးသူ့မိခင်၏ အော်သံကြောင့် ကြောက်ရွံ့ကာ နောက်ဆုတ်သွား၏။
သို့သော် fany နှင့် ပြိုင်ကြည့်နေသော သူမ၏ မျက်ဝန်းကိုတော့ မျက်လွှာမချ။
Fany မျက်ခုံးနှစ်ခု ထိဆက်လုနီးနီးဖြစ်သွားသည်။ ကလေးသေးသေးလေးက
သူ့အဖေအတိုင်း ကြည့်တတ်၍ fany အံ့သြမိသည်။"ငါ့ကို အဲ့လိုလာမကြည့်နဲ့ Kim Seohyun"
Fany အမိန့်ပေးလိုက်သည်။
"ဘာဖြစ်နေတာလဲ.."
Taeyeon သူတို့နှစ်ဦးကြားထဲ ၀င်လာကာ seohyun လေးကို ချီလိုက်သည်။
"နင့်သမီးက ငါ့ပန်းချီကားကို ဖျက်စီးသွားတယ်.."
Taeyeon ~ hyunnie လေးမျက်နှာကိုကြည့်ကာ တယုတယမေး၏။