Chapter •ิ.• - 17《Z + U》

2.5K 228 69
                                    

လိုက်​ကာအမဲများ tiffany ဆွဲဖယ်​လိုက်​၍ အိမ်​ထဲသို့ အလင်း​ကောင်း​ကောင်းဝင်​​စေသည်​။

Yoona အကြံ​ပေးသည့်​အတိုင်း taeyeon အ​ပေါ်​မေတ္တာထားရန်
Fany ဆုံးဖြတ်​လိုက်​၏။ ထိုအတူ
ညစဉ်​တိုင်းလည်း taeyeon နှင့်​သူမ၏
ရင်​​သွေးလွယ်​နိုင်​ရန်​ ဆု​တောင်းမိသည်​။
ဖြစ်​နိုင်​စရာအ​ကြောင်းအရင်းမရှိ​သော်​လည်း သူမ​မျှော်​လင့်​ချက်​ကို
မစွန့်​ပစ်​နိုင်​​ချေ။

"Gogo ~ တကယ်​လို့ hyunnie အနားမှာရှိရင်​ဒီလိုအ​ခြေအ​နေမျိုး​ရောက်​လာမှာမဟုတ်​ဘူး​နော်​..!! ငါ့အမှားအတွက်​ ငါ့မိသားစု​လေးပြိုကွဲသွားခဲ့ရတယ်​..!!"

Tiffany~ လိပ်​က​လေးကိုအစာ​ကျွေးရင်း
အဓိပ္ပါယ်​မဲ့စွာစကား​ပြော​နေမိသည်​။
အနည်းနှင့်​အများ​တော့ သူမရင်​ထဲရှိ
ခံစားချက်​များတစ်​စုံတစ်​ဦးမှ
နားမ​ထောင်​​ပေးသည့်​စကားများ
ပြောထွက်​​နေမိ၏။

"Tiffany Hwang!!"

Taeyeonရှိသည့်​နေရာမှ
ကျကွဲသံများကြားရ၍ fany
တုန်​လှုပ်​ သွားကာ taeyeon
စီသို့ ချက်​ချင်း သွား၏။

"Taeyeon...!!"

အစိတ်​စိတ်​အမွှာမွှာဖြစ်​​နေ​သော ပုလင်းများနှင့်​ မတ်​တတ်​ရပ်​ လျှင်​ပင်​ မခိုင်​​သော
Taeyeon ကို fany မြင်​လိုက်​ရသည်​။

"မင်း..ဘာအတွက်​​ကြောင့်​ ငါ့အနားမှာ
အဆင်​သင့်​မရှိရတာလဲ?".

Taeyeon မသဲမကွဲ​ပြောရင်း
စားပွဲ​ပေါ်ရှိလက်​ကျန်​ပစ္စည်းများအား
တွန်းချလိုက်​သည်​။

"ငါ...ငါ...gogo ကိုအစာ​ကျွေး​နေလို့ပါ!!"

Tiffany ​ထောင့်​နားကပ်​ကာ
Taeyeon ရိုက်​​သော်​ လက်​လှမ်းမမှီ​လောက်​မည့်​​နေရာတွင်​ ရပ်​​နေသည်​။
Tiffany ၏ taeyeon အ​ပေါ်​ကြောက်​စိတ်​က ​ဖျောက်​ဖျက်​မရ​အောင်
ပြည့်​နက်​​နေ၏
။

"မင်းရဲ့က​လေးကို​တော့...​သေ​အောင်
ပစ်​ထားပြီ....ဘာမဟုတ်​တဲ့ တိရစ္ဆာန်​ တစ်​​ကောင်​ကို​တော့ ​မေတ္တာပြ​နေလိုက်​တာ!!
မင်းသာ hyunnieအ​ပေါ် အဲ့လိုဆက်​ဆံခဲ့ရင်​ ငါ့သမီး​လေး စိတ်​ဆင်းရဲပြီး
သေသွားစရာအ​ကြောင်းမရှိဘူး..
Tiffany!!"

M I R R O RWhere stories live. Discover now