Chapter •ิ.• - 32 《Z + U》

2.4K 257 44
                                    

ညစာစား​သောက်​ပြီး..အခန်းထဲတွင်​ fanyနှင့်​ဘယ်​ရီ​လေးများ ကုတင်​​ပေါ်တွင်​ taeyeon အ၀င်​လာကို​စောင့်​​နေကြသည်​။

"Daddy ကိုဒီညသီချင်းဆိုသိပ်​ဖို့​ပြောကြရင်​​ကောင်းမလား အသဲ​လေးတို့..!!ဟမ်​...?
အကယ်​၍ daddyကစိတ်​ဆိုးသွားရင်​ဘယ်​လိုလုပ်​မလဲ..."

ပိစိနှစ်​​ယောက်​က​တော့ fany​ပြောသမျှနားမလည်​ဘဲ အတင်းfanyအ​ပေါ်သို့ခွတက်​ကာ ​ဆော့ချင်​​နေကြသည်​။

"Hey..အိပ်​ရ​တော့မယ်​​လေ..!! ​ဆော့ရမဲ့အချိန်​မဟုတ်​ဘူး..မင်းတို့daddyနဲ့တိုင်​​ပြောလိုက်​ရမလား?"

က​လေးကလားသိုင်းကွက်​နင်းပြီး..သူ့က​လေးများကို taeyeon နှင့်​ ခြိမ်း​ခြောက်​ဖို့်​ကြိုးစား​သော်​လည်း...taeyeon ကသူ့က​လေးဆို
မီးငြိမ်းပြီးသားဆိုသည်​ကို fanyမသိသည်​လည်းမဟုတ်​။

ဂစ်တာကိုကိုင်ကာ ခါး​လေးကုန်း၍ ၀င်​လာသည့်​​​Taeyeonမှာမသိလျှင်​ လူပု​လေးနှင့်​တူသည်​။
သူ့က​လေးများနှင့်​အရွယ်​သိပ်​မကွာလှဟု​ပြောလျှင်​လည်း​ ​လှောင်​ရာကျ​အုန်းမည်​။

ကုတင်​​ပေါ်သို့တက်​လိုက်​သည်​နှင့်​ ၀က်​က​လေးနှစ်​​ကောင်​မှ အသည်းအသန်​ fanyအ​ပေါ်မှ​ပြေးဆင်းကာ taeyeon ဆီသို့​လေးဘက်​​ထောက်​လျက်​လာကြသည်​။

Taeyeon လည်း​စောင်​​အောက်​သို့ဝင်​လိုက်​ကာ
က​လေးများကို သူနှင့်​fanyကြားတွင်​ထားထားလိုက်​သည်​။ သို့​သော်​မရ..အတင်းထကာ ကုတင်​​ခေါင်းရင်းကိုကိုင်​ကာ...
တုန်​တုန်​.....တုန်တုန်​....နှင့်​မတ်​တပ်​ရပ်​ကြသည်​။ အခုထိ​ကောင်း​ကောင်းမရပ်​နိုင်​​သေးသည့်​အရွယ်​ဖြစ်​၍ အားယူရသည့်​အတွက်​..
ထွက်​ခါစ​ရှေ့သွား​လေးများကိုအတင်းကြိတ်​ကာ ပါးနှစ်​ဖက်​ကို အစာငုံထားသည့်​ရှဉ့်​က​လေးအတိုင်း​ဖောင်းထားကြသည်​။

သူ့သမီးများကိုကြည့်​ရင်း..taeyeon ဟက်​ဟက်​ပက်​ပက်​ရယ်​ကာ...

"ကြီးလာပြီ..တဖြည်းဖြည်းအရွယ်​​ရောက်​လာကြပြီ...ငါတို့ရဲ့ဘယ်​ရီ​သီး​လေး​တွေက
ကြာရင်​..ချီလို့မနိုင်​​တော့တဲ့အရွယ်​​ရောက်​လာကြ​တော့မယ်​.."

M I R R O RWhere stories live. Discover now