Chapter •ิ.• - 5《 Z+U 》

2K 187 26
                                    

Seohyun ​လေး သူ့အ​ဒေါ်ဝမ်းကွဲ ဖြစ်​သူ
Hyoyeon ​ပေါင်​​ပေါ်ထိုင်​ကာ
ပလီပလာ ​ပြော​နေသည်​။
Mr Kim တို့ မှာ​တော့ ​မြေးဖြစ်​သူကို ကြည့်​ရင်း ချစ်​မ၀ဖြစ်​​နေရှာ၏။

အိမ်​​ရှေ့ ဧည့်​ခန်းကျယ်​မှာ သာမှန်​အချိန်​၌
ဧည့်​လာနည်း၍ တိတ်​ဆိတ်​​နေတတ်​​သော်​လည်း seohyun ​လေးရှိလျှင်
ကစားကွင်းတစ်​ခုကဲ့သို့ ဆူညံ​နေတတ်​သည်​။ သို့​သော်​ ထိုအ​ခြေအ​နေ​လေးကို
Mr kim တို့ လင်​မယား နှစ်​သက်​သည်​။

"တကယ်​လိုက်​မှာလား
Omma!!"

ဆော့လွန်း၍ ပင်​ပန်းကာ အိပ်​​ပျော်​သွား​သော seohyun ​လေးကို ရင်​၌ ပိုက်​ထားရင်း taeyeon ​ပြောသည်​။

"Tae ရဲ့ appa ကိုတစ်​​ယောက်​တည်းလွတ်​ဖို့ကြ​တော့ မဖြစ်​နိုင်​ဘူး​လေ.."

"မစိုးရိမ်​ပါနဲ့..ဟိုမှာအားလုံးအဆင်​​ပြေ​အောင်​ငါစီစဉ်​​ပေးထားတယ်​!!"

Hyoyeon Mr Kim နိုင်​ငံရပ်​ခြားတွင်​ ​ဆေးသွားကုမည့်​ကိစ္စနှင့်​ပတ်​သတ်​၍
Taeyeon ကိုရှင်းပြသည်​။

"ဟုတ်​ပြီ​လေ..!! အလုပ်​ကိစ္စ​တွေအတွက်​​​ကြောင့်​ ဘာမှစိတ်​ဖိစီးစရာမလိုဘူး..
Tae ​ရော ၊ hyo ပါအဆင်​​ပြေသလိုကြည့်​စီစဉ်​မယ်​"

"Appa ကတစ်​ခြားအရာ​တွေထက်
Appa ​မြေး​လေးနဲ့ခွဲရမှာကိုဘဲ စိတ်​မ​ကောင်းဖြစ်မိတယ်​ ."

Mr Kim အိပ်​​ပျော်​​နေသည့်​ သူ့​မြေး​လေးကိုကြည့်​ရင်း မျက်​ရည်​၀ဲလျက်​​ပြောသည်​။

"ခဏ​လေးပါဘဲ.. appa!! Hyunnie
လေး လည်း appa ကိုသတိရ​နေမှာပါ"

"​စက္ကူ​လေယာဉ်​​ခေါက်​​ပေး​နေကြ သူ့အဖိုးအနားမှာ မရှိလို့ taeyeon ​လေး​တော့ ပင်​ပန်း​တော့မှာ​ဘဲ.."

Mrs Kim ဟာသ သ​ဘော​ပြော၏။

"Hyunnie ​ကသူ့အဘိုးကို ​သေချာ​ပေါက်​လွမ်းပြီး ​မေးလိမ့်​မယ်​!! သူခဏခဏ မ​မေးရ​အောင်​ appa ​နေအမြန်​​ကောင်း​အောင်​​နေပြီး
Hyunnie အတွက်​ ကျန်းကျန်းမာမာနဲ့
ပြန်​လာခဲ့ပါ!!"

Mr Kim ​ခေါင်းငြိမ့်​လိုက်​ပြီး seohyun ​လေးကို ​ပွေ့ချီလိုက်​တယ်​။

M I R R O RWhere stories live. Discover now