Chapter •ิ.• -43《Z+U》

2.5K 227 14
                                    

"Daddy ပြန်​လာပြီ​လေ....လာမကြိုဘူးလား?"

ဧည့်​ခန်းထဲမှာ ထိုင်​၍ TVကိုသာအာရုံစိုက်​ကြည့်​​နေ​သော သူမ၏သမီးအကြီး​လေးကို taeyeon
လှမ်းစ​နောက်​လိုက်​သည်​။ သူ့သမီး​လေးအ​ပြေးတလွှားနှင့်​လာ၍ taeyeon အားဖက်​လိုက်​သည်​။ ​ကျေနပ်​ပီတိဖြစ်လွန်း၍ ​​​taeyeon
ဘလူးဘယ်​ရီ​လေး ပါး​ဖောင်း​ဖောင်း​​လေးကို တရွှတ်​ရွှတ်​နမ်းသည်​။ အိကျသွား​သော
ပါး​ဖောင်း​လေးက မပြုံးနိုင်​ဘဲ ငြိမ်​ကျ​နေ၍
တစ်​ခုခုလွဲမှား​နေမှန်းtaeyeon သိသည်​။

"Daddy ကို​ပြောပြပါလား..!! ဒီ​နေ့​ကျောင်းတက်​ရတာအဆင်​​ပြေလား?"

Mama kim နှင့်​မျက်​နှာချင်းဆိုင်​တွင်​၀င်​ထိုင်​ပြီး
ဝတ်​လာသည့်​ကုတ်​အင်္ကျီအမဲကိုချွတ်​ကာ ​ဘေးနားတွင်​ အဆင်​​ပြေသလိုချထားလိုက်​သည်​။
ပေါင်​​ပေါ်တွင်​ကန့်​လန့်​ဖြတ်​ထိုင်​​နေသည့်​သူ့သမီးဂရုတစိုက်​နှင့်​taeyeon ​မေးကာ ရှုပ်​​ထွေး​နေ​သောဆံပင်​အ​ကောက်​​လေးများကိုလက်​​ချောင်း​လေးများဖြင့်​အသာအယာရှင်း​ပေး​နေသည်​။

သူ့သမီး​ခေါင်းငြိမ့်​ပြသည်​ကို~ သူမဆံပင်​ရှင်း​ပေး​နေရင်း​တွေ့​သော်​လည်း တစ်​စုံတစ်​ခုမူမမှန်​မှုကိုခံစား​နေရသည်​။

"Daddy ကိုပွင့်​ပွင့်​လင်းလင်း​ပြောပြလို့ရပါတယ်
က​လေးရယ်!!​..mommyဆူလို့လား~ဒါမှမဟုတ်
စ​တော်​ဘယ်​ရီ​လေးနဲ့ရန်​ဖြစ်​လို့လား?"

ထိုအခါ ဘလူးဘယ်​ရီ​လေး~သူမဖခင်​၏မျက်​နှာကို​မော့ကြည့်​ကာ မျက်​နှာငယ်​​လေးဖြင့်
ပြောရှာ၏။

"စ​တော်​ဘယ်​ရီ​လေးကို ဆရာမကပုံဆွဲခိုင်းတာ
မဆွဲလို့..mommyနဲ့ပြန်​တိုင်​​ပြောခံရတယ်​!!
အခုအခန်းထဲမှာ mommyနဲ့စ​တော်​ဘယ်​ရီ​လေးဘဲရှိတယ်​...၊ ညီမ​လေးအရိုက်​ခံရ​လောက်​လားdaddy?"

မိုးပြိုသကဲ့သို့မျက်​နှာနှင့်​ သူ့ညီမ​လေးအတွက်​စိတ်​ပူ​နေသူ​ကြောင့်​taeyeonသက်​ပြင်းချမိသည်​။

အ​ခြေအ​နေအ​သေးစိတ်​ကို​မေးဖို့လိုအပ်​​နေ​ကြောင်းtaeyeonသိသည်​။ သားသမီး​ရေးဖြစ်​၍
ပေါ့ပျက်​ပျက်​ taeyeonမဆုံးဖြတ်​ချင်​ပါ။

M I R R O RWhere stories live. Discover now