Chapter •ิ.• - 25《Z+U》

2.8K 267 64
                                    

တ​စောင်းအ​နေအထားဖြင့်​ လှဲအိပ်​ပြီး အိပ်​​ပျော်​​စေရန်​​စေခိုင်းမှုအ​ပေါ် မနာခံသည့်​မျက်​၀န်းများက taeyeon အ​ပေါ်ပုန်​ကန်​​နေသည်​။
အဓိကအ​ကြောင်းအရင်းမှာ​တော့ ဧည့်​ခန်းတစ်​ခုလုံး ပုရွက်​ဆိတ်​ ဖြတ်​​လျှောက်​သည်​မှအစမြင်​ရ​လောက်​သည့်​ အလင်းကို ထွန်းထား၍
မီးပိတ်​မှအိပ်​တတ်​​သောtaeyeon အတွက်
အိပ်​​ပျော်​ရန်​ခက်​ခဲလွန်းလှသည်​။
သူမတစ်​ကိုယ်​​ကောင်းဆန်​လိုသည်​။
သို့​သော်​ ဦး​နှောက်​၏ခိုင်း​စေမှုထက်​ သားသမီးအ​ပေါ်ထားသည့်​ ​မေတ္တာက ပို​လေးနက်​၍
Taeyeonသူ့စိတ်​ဆန္ဒကို ရုတ်​သိမ်းလိုက်​သည်​။

အကယ်​၍ berries ​လေးများအတွက်​ တစ်​ခုခုလိုအပ်​​သော်​ အဆင်​သင့်​ဖြစ်​ရန်​ taeyeon
စောင့်​​နေခြင်းဖြစ်​သကဲ့သို့ ၊ ​မီးပိတ်​၍​မှောင်​​နေလျှင်​ tiffany လှုပ်​ရှားရခက်​မည်​ကို
စိုးရိမ်​၍ မီးဖွင့်​ထားခြင်းသက်​သက်​ဖြစ်​၏။

သည်​လိုနှင့်​ မနက်​ဖြန်​အ​ရေးကြီးအစည်းအ​ဝေးကိုပင်​ အ​လေးမထားနိုင်​​တော့ဘဲ..
စိတ်​ပူတစ်​၀က်​ဖြင့်​ အိပ်​စက်​ရန်​ကြိုးစားသည်​။

သို့​သော်​ သူမ၏ သိစိတ်​​ကော၊ မသိစိတ်​ပါ..
အခန်းတွင်းရှိသူမ၏က​လေးနှစ်​​ယောက်​၌သာ
အာရုံထား​နေ၍ အိပ်​တစ်​၀က်​၊နိုးတစ်​၀က်​ဖြစ်​​နေ၏။

===================

"Mommy အသဲ​လေး​တွေက...ကြက်​ဥပုပ်​​လေးလို့
နံ​နေပါလား..!! ​ဟားဟား..daddy ကုတင်​​ပေါ်မှာ
Babyတို့ရဲ့...အီးအီးနံ့​တွေစွဲကုန်​​တော့မှာဘဲ"

မနက်​မိုးလင်းသည့်​နှင့်​ tiffany တစ်​​ယောက်
ရွှင်​ရွှင်​လန်းလန်းဖြင့်​ က​လေးများကိုနှုတ်​ဆက်​သည်​။

"Morning berries ​လေးတို့!!"

ခြေနှစ်​ဖက်​ ၊ လက်​နှစ်​ဖက်​ ယက်​ကန်​ယက်​ကန်​ ဖြင့်​ mommy fany ​ပြောသမျှနား​လည်​သလိုပုံစံဖြင့်​ ၀ူးဝူးဝါးဝါးတုန့်​ပြန်​​နေသည့်
အငယ်​​လေး strawberry​ကြောင့်​ fany အားပါးတရပြုံးမိသည်​။

"ဟုတ်​ပြီ..mommy အသဲ​လေး​တွေကို
မွှေးကြိုင်​သွား​အောင်​လုပ်​​ပေးမယ်​​နော်​..!!
ခဏ​စောင့်​.."

M I R R O RWhere stories live. Discover now