Chapter •ิ.• - 34《Z + U》

2.4K 241 29
                                    

မနက်​မိုးလင်းစအချိန်​ နာရီလက်​တံ​လေး၏တခပ်​ခပ်​လှုပ်​ခတ်​သံအပြင်​ အိပ်​​မောကျ​နေ၍
အသက်​ရှုသံ​​လေးများအပြင်​ အခြားမည်​သည့်​လှုပ်​ရှားသံမှ
မကြားရ​ချေ။

"အင်း.."

ညည်းသံ​သေး​သေး​လေးကြားရ၍ taeyeon မျက်​စိတစ်​ဖက်​အား အိပ်​မုံစုံမွှားဖြင့်​ ဖွင့်​ကြည့်​သည်​။
လေ​ပေါ်သို့​မြှောက်​ထား​သောလက်​​လေးနှစ်​ဖက်​ကိုပထမဆုံးမြင်​လိုက်​ရပြီး သိပ်​မကြာခင်​​နောက်​ထပ်​​ခြေနှစ်​ဖက်​ထပ်​​ထောင်​လာသည်​။

စ​တော်​ဘယ်​ရီ​လေး အိပ်​ရာထအ​ကြောဆန့်​ရာ
ညာဘက်​ရှိသူ့daddyစီသို့်​ ဘုတ်​ကနည်း
လှမ်းရိုက်​ပြီး ​ခြေကားယားလက်​ကားယားနှင့်
ပါးစပ်​အကျယ်​ကြီးဖွင့်​ကာ သမ်းပြ​နေသည်​။

Taeyeonလည်းသူ့သမီးအမူအရာကိုကြည့်​ပြီး
တခစ်​ခစ်​နှင့်​ရယ်​ပြီး ဘာဆက်​လုပ်​မလဲကို
စိတ်​၀င်​တစားကြည့်​​နေသည်​။

တောင်​ကြည့်​ ၊​မြောက်​ကြည့်​နှင့်​ မျက်​လုံးများပြန်​​မှေးစင်းလာကာ...taeyeon ဘက်​သို့​အားယူ၍
လှည့်​လိုက်​သည်​။သူမဆက်​အိပ်မည့်​သ​ဘောရှိ၏။

အရှိန်​မထိန်းနိုင်​၍ taeyeon လက်​​မောင်း​ပေါ်သို့
သူမ မျက်​နှာနှင့်​အပ်​လျက်​ ​မှောက်​ပြီးသွားဖြစ်​သွား၏။
သို့​သော်​ သူမ mommy စ်ီမှအ​မွှေရ​သောနှာ​ခေါင်းလုံး​လုံး​က taeyeon လက်​​မောင်းနှင့်​ ထိပ်​တိုက်​​တွေ့၍ လမ်းတစ်​၀က်​တွင်​ ရပ်​​နေ၏။

Taeyeon သူ့သမီး၏မျက်​နှာအ​နေအထားကိုကြည့်​ပြီး..ထိန်းမနိုင်​ဘဲထရယ်​မိသည်​။ ခါး​​ပေါ်တွင်​ထိုင်​​စေပြီး တခစ်​ခစ်​​နေရယ်​​နေမိ၏။ taeyeon ရယ်​ချင်​စိတ်​ဖြစ်​သည်​မှာလည်းအမှား​တော့မဟုတ်​....

ပေါက်​စီနှစ်​လုံးပါးမှာကပ်​ထားသည့်​အတိုင်း​ဖောင်း​နေ​သော ပါးနှစ်​ဖက်​ရယ်​၊
Taeyeon လက်​​မောင်းနှင့်​ထိပ်​တိုက်​ရင်​ဆိုင်​ထားရ၍ နီ​နေ​သောနှာ​ခေါင်းရယ်​...အမှန်​တကယ်​ ချစ်​စရာ​ကောင်းလွန်း၏။

Taeyeon ရင်​ခွင်​တွင်​ပြန်လှဲသိပ်​ပြီး
ကျောက​လေးအားပွတ်​​ပေးသည်​​။

M I R R O RWhere stories live. Discover now