Chapter •ิ.• - 23 《Z+U》

2.5K 240 52
                                    

"Tiffany ထ​တော့"

ပင်​ပင်​ပန်းပန်းလှုပ်​ရှားထားရ၍ ကား​နောက်​ခန်းတွင်​ သက်​​သောင့်​သက်​သာ မှုမရှိဘဲ အိပ်​​နေသည့်​ fanyကို taeyeon ကြမ်းတမ်းစွာ လှုပ်​ခါရင်းနှိုးလိုက်​သည်​။
Taeyeon ၏မာ​ကျော​သောအသံကြားရုံနှင့်​ပင်
Tiffany လန့်​နိုးရန်​အတွက်​ အ​ကြောင်းပြချက်​ခိုင်​လုံ၏။ ကား​နောက်​ခန်းမှ ပစ္စည်း ထုတ်​ရင်း
Taeyeon ~ fany အ​ပေါ် ကြင်​နာမှုကင်းစွာ
ဆက်​ဆံ​နေသည့်​အသံများကြား၍ yoona
သူတို့အနားသို့ ​ပြေးလာသည်​။

"Ya~ kim taeyeon ဘာလုပ်​တာလဲ?
Fanyကကိုယ်​၀န်​သည်​​လေ..၊ နင်​အရင်​လို
ပေါ့​ပေါ့တန်​တန်​ ဆက်​ဆံလို့မရဘူး..၊
သူ့ဗိုက်​ထဲမှာရှိတာနင့်​က​လေး​နော်​၊
သူနင့်​​ကြောင့်​ လန့်​သည်​ဖြစ်​​စေ ၊ ထိခိုက်​သည်​ဖြစ်​​စေ က​လေးကိုပါ ဂယက်​ရိုက်​တယ်​ !!"

Taeyeon မရှိသည့်​ နံဖူး​ပေါ်ရှိ​ချွေးများကို
သုတ်​ချင်​ဟန်​​ဆောင်​ကာ တစ်​ဖက်​သို့လှည့်​သွားသည်​။ kim taeyeon ၏မဟာအားနည်းချက်​ဖြစ်​သည့်​ က​လေးများအ​ပေါ်ထားသည့်
Taeyeon ၏​မေတ္တာအ​ပေါ် yoona ​ကောင်း​ကောင်းနားလည်​သွားသည်​။

Tiffany အား​ဖြေး​ဖြေးချင်းထူကာ..

"Fany ငါအထဲထိလိုက်​ပို့​ပေးမယ်​..!!
Taeyeon နင်​နိုင်​သ​လောက်​ပစ္စည်း​လေး​တွေသယ်​လာခဲ့​နော်​"

Yoona ရွဲ့တဲ့တဲ့ဖြင့်​ taeyeon ကိုပြုံးပြကာ
အိမ်​ထဲသို့ဝင်​သွား၏။

======================

"Arr...များလိုက်​တာ.."

ဧည့်​ခန်းပြည့်​လုနီးနီးအထိ​နေရာယူသွား​သော
က​လေးအသုံးအ​ဆောင်​ပစ္စည်းများကြားတွင်
Yoona တစ်​​ယောက်​ ဆိုဖာ ​ပေါ်တွင်
လှဲအိပ်​​နေလိုက်​သည်​။

"နင်​မပြန်​​သေးဘူးလား"

Taeyeon ၏ခပ်​ပြတ်​ပြတ်​အသံ​ကြောင့်
ပိတ်​​လောင်​ထားသည့်​yoonaမျက်​၀န်းမှ
မျက်​​စောင်းလှလှတစ်​ခု taeyeon ထံစိုက်​​ရောက်​လာသည်​။

"ငါဒီညဒီမှာအိပ်​မယ်​..!!"

"ဘာ..."

ဟုတ်​တာ​ပေါ့..အိပ်​ခန်းထဲက fany တစ်​​ယောက်
ကောင်း​ကောင်းကြားရ​လောက်​တဲ့အထိကို
Taeyeon ရဲ့အသံက ကျယ်​​လောင်​ လွန်းတယ်​။

M I R R O RWhere stories live. Discover now