Chapter •ิ.• - 7 《 Z + U 》

1.9K 202 12
                                    

"တိမ်​တိုက်​​လေး​က..ပန်းက​လေးကို
ထားခဲ့ပြီး..သူ့အ​ဖော်​အသစ်​ဖြစ်​တဲ့
လေ​ပွေ​လေး​နောက်​ကိုလိုက်​သွားတယ်​!!
အဲ့အခါ..ပန်းက​လေးက သူ့ကိုအရိပ်​ကွယ်
ပေးတဲ့ တိမ်​​လေးမရှိလို့ငိုတယ်​တဲ့..
အဲ့ဒါနဲ့ ​နေမင်းကြီးက ဘာလို့ငိုတာလဲလို့​မေးတယ်​!! အဲ့အခါပန်းပွင့်​​လေးက
သူ့ကို ကာကွယ်​​ပေးတဲ့ သူ့သူငယ်​ချင်း
တိမ်​တိုက်​​လေးမရှိ​တော့လို့ပြန်​​ဖြေတယ်​!!
အဲ့အခါ ​နေမင်းကြီးက သဘာဝတရားဆိုတာ ​တွေ့ဆုံခြင်းရဲ့​နောက်​မှာ ခွဲခွာခြင်းဆိုတာ အမြဲလိုက်​ပါ​နေကြဘဲ ဆိုတဲ့အ​ကြောင်းကို ​ပြောပြခဲ့တယ်​!! အဲ့အခါမှ ပန်းပွင့်​​လေးက
အငိုတိတ်​ပြီး သူ့ကိုအမြဲအလင်း​ရောင်
ပေးတဲ့ ​နေမင်းကြီးကို ပြုံးပြ​တော့တယ်​တဲ့"

Taeyeon ပုံပြင်​စာအုပ်​ကို ပိတ်​ပြီး
စားပွဲ​ပေါ်တွင်​ တင်​လိုက်​သည်​။

"အိပ်​​တော့..က​လေး​လေး!!"

Seohyun ​လေးနှဖူးကိုအနမ်း​ပေးပြီး
Taeyeon သူ့သမီးကို ဖက်​လိုက်​ကာ
မျက်​လုံးမှိတ်​လိုက်​သည်​။သို့​သော်
ခါတိုင်း ပုံပြင်​နား​ထောင်​ရင်း အိပ်​​ပျော်​သွားတတ်​သည့်​ seohyun က ယခုမှ
အဆုံးထိ နား​ထောင်​ပြီး မအိပ်​ဘဲ
မျက်​နှာကျက်​ကိုကြည့်​​နေ၏။

"ဘာဖြစ်​တာလဲ အသဲ​လေး?"

Taeyeon ကြင်​ကြင်​နာနာ ​မေး၏။

"ပန်းပွင့်​​လေးကို သနားလို့ daddy!!"

Seohyun ​လေးဝမ်းနည်းစွာ​ပြောသည်​။

"တိမ်​တိုက်​​လေးသူ့ကိုထားသွားလို့လား"

Seohyun ​လေးနှုတ်​ခမ်းဆူကာ
ခေါင်းငြိမ့်​ပြသည်​။ ပုံပြင်​အတို​လေး​ကြောင့်​ ၀မ်းနည်း​နေ​သော သူ့သမီးကို
ကြည့်​ရင်း taeyeon သက်​ပြင်းအရှည်​ကြီးချမိသည်​။
Seohyun ဟာ အရမ်းသနားတတ်​တယ်​၊
ဝမ်းနည်းလွယ်​တယ်​၊ အရမ်းချစ်​တတ်​ပြီး
အမုန်းတရားဆိုတာ သူ့စိတ်​ထဲမှာ
လုံးဝ မသိုဝှက်​ထားဘူး...
သာမှန်​ကာတွန်းဇာတ်​​ကောင်​​လေး
ဇာတ်​လမ်းထဲမှာ ဒုက္ခ​ရောက်​ရင်​​တောင်
မျက်​ရည်​​လေးက ၀ဲတတ်​​သေး၏။

M I R R O ROpowieści tętniące życiem. Odkryj je teraz