"တိတ်ပါတော့..ကလေးရယ်.."
အေးစိမ့်စိမ့်အခန်းငယ်မှ..ကလေးငိုသံဟာ
စေ့ထားရုံပိတ်ထားတဲ့အခန်းတံခါးရဲ့အပြင်ဘက်ကို ပဲ့တင်ထပ်တဲ့အထိ ကျယ်လှောင်စွာ
ထွက်ပေါ်နေ၏။ အနွေးဓာတ်အလုံအလောက်မရှိသည့်အပြင် ဂျောင်ကျကျအခန်းက လသားအရွယ်ကလေးများအတွက်တော့
လောကကြီးတွင် ပထမဆုံးကြုံတွေရသည့်
ငရဲခန်းဖြစ်နေသည်။ ကလေးနှစ်ယောက်၏ငိုသံကtiffany၏နှလုံးသားအား..တစစီ
ဖဲ့ချွေနေ၏။ ရိုးရှင်းသောအကြောင်းအရာလေးပါ
ကလေးတွေက လိုအပ်မှု ၊လိုချင်တောင့်တမှုကို
မိခင်တစ်ဦးဖြစ်လျက်နှင့်နားမလည်နိုင်သည့်အပေါ် သူ့မကိုယ်သူမ မကျေမနပ်ဖြစ်မိသည်။တစ်စုံတစ်ခုအားအလိုမကျ၍ အော်ငိုနေသော
ကလေးနှစ်ယောက်အားရင်ခွင်ပွေ့ချီထည့်ကာ
ဧည့်ခန်းထဲသို့ထွက်လာ၏။ ပထမဆုံးသူမစဉ်းစားမိသည်အချက်မှာ ကလေးများအား
နို့ဘူးတိုက်ရန်...ကလေးများနို့ဆာနေလောက်မည်ဟူသော
အတွေးနှင့် မီးဖိုခန်း ထဲဝင်သွားသည်။=====================
နှစ်အတော်ကြာ မကြားရသည့်ကလေးငိုသံက
အိပ်မောကျနေသည့်taeyeonအားအလန့်တကြားနိုးစေသည်။ နံရံကပ်နာရီမှ 2 နာရီကို
ညွန်နေ၍ taeyeon သက်ပြင်းချကာ
အနားရှိစားပွဲပေါ်မှ ရေဘူးအားလှမ်းယူလိုက်သည်။တစ်ဖြည်းဖြည်း ကလေးငိုသံများက သူမနှင့်
နီးကပ်လာသကဲ့သို့ခံစားရ၍ ရေသောက်နေရင်း
ရပ်တန့်ကာ အပြင်သို့နားစွင့်လိုက်၏။==========================
"ခနလေးပါ berries လေးတို့ရယ်..
Mommyမြန်မြန်လုပ်ပေးပါ့မယ်..!!"နို့ဘူးနှစ်ဘူးနှင့် မထိုင်တတ်သေးသော
ကလေးနှစ်ယောက်ကြားထဲ tiffany အခက်အခဲဖြစ်နေသည်။ တစ်စတစ်စနဲ့  ကျယ်လာသော ကလေးငိုသံကြောင့် သူမ၏ချော့မြူမှုမှာ
အရာမရောက်မှန်းသိလာသည်။