"သွားကြစို့..ဘယ်ရီလေးတို့..!!"
လိုအပ်သမျှ ကလေးအသုံးဆောင်၊အ၀တ်အစားနှင့်ပစ္စည်းအလုံအလောက်ကို ထည့်ပြီးသည့်နောက် သူမတို့၏ ပထမဆုံးသော
မိသားစုခရီးလေးအားစတင်ခဲ့သည်။TAEYEONကတော့ ပင်တိုင် ကားမောင်းရ၍
ကားနောက်ခန်းရှိ fany နှင့် ပေါက်စလေးများကတော့ ဇိမ်နှင့်လိုက်လာ၏။မြို့ပြနှင့်တဖြည်းဖြည်းဝေးလာ၍
တိုက်တာအဆောက်အအုံတို့၏ အရိပ်လွှမ်းမိုးခြင်းကနေလွှတ်မြှောက်လာသည်နှင့်
သဘာဝတရားကြီးက kim မိသားစုလေးအား
နွေးထွေးစွာကြိုဆိုသည်။လယ်ကွင်းများနှင့်တောင်ပတ်လည်ဝိုင်းနေသည့်
လမ်းလေးတွင် ကားလေးတစ်စီးက ဦးတည်ချက်ရှိရှိနှင့်လှိမ့်နေ၏။တဝှေ့ဝှေ့တိုက်ခတ်လာသော လေများက
တစ်ဘ၀လုံးတွေကြုံခဲ့သမျှ ဒုက္ခအားလုံးကို
ပျောက်ကင်းစေသည်။ tiffany ကြည်နူးစိတ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေစဉ်
တအင်းအင်းနှင့် ညည်းလာသော...ဘလူးဘယ်ရီလေးက အတွေးကိုပျက်စေ၏။Taeyeon ကားနောက်ခန်းမှ အသံကြား၍ တစ်ချက်လှည့်ကြည့်လိုက်သည်။
ခရီးပန်းလို့ထင်ပါရဲ့ ကလေးများက စတင်၍
တဂျီဂျီနှင့် ကောက်လာ၏။ taeyeon ကားကိုလမ်းဘေးအနည်းငယ်ကပ်ရပ်လိုက်ပြီး
ကားတံခါးကိုဖွင့်လိုက်သည်။Fanyနှင့်ဘယ်ရီလေးတို့၏ နောက်ခန်းရှိတိုက်ပွဲကတော့ daddy tae ၀င်ထိန်းမှ ငြိမ်းမည့်အတိုင်း ပြင်းထန်နေသည်။ အခြားတော့မဟုတ်။
အိပ်ချင်နေကြသည်ကို ကျောပိုး၍ မသိပ်၍
ခြေပွတ်ကာ အမွှာနှစ်ယောက်အပြိုင်ကောက်နေကြခြင်းဖြစ်သည်။"Tae..ကူညီပါဦး..!! ဒီအတိုင်းသိပ်လို့လည်းမရဘူး..!!"
တဗြဲဗြဲအော်ငိုနေသည့် ဘယ်ရီလေးများကြောင့်
Taeyeon.သက်ပြင်းချမိသည်။ တူလိုက်တဲ့
အကျင့်တွေ...
Hyunnieငယ်ငယ်ကနှင့်တထေရာတည်း
ချော့သိပ်နည်းမှအစ ကျောပိုးသိပ်မှအိပ်တတ်သည့်အထိတူလွန်းသည်။