Chapter •ิ.• - 2 《Z + U 》

2.5K 209 5
                                    

"daddy အဲ့တာကဘာကြီးလဲ?"

မျက်​စိ​ရှေ့မြင်​သမျှအားလုံးကို စူးစမ်းစိတ်​နှင့်​ ​မေး​နေ​သော seohyun ​လေးဟာ
Taeyeon ရဲ့မျက်​လုံးထဲမှာ သိပ်​ကိုချစ်​ဖို့​ကောင်း​နေသည်​။

"အဲ့တာက ဆန္ဒပြ​နေတာလို့​ခေါ်တယ်​!!"

seohyun ​လေး​ကျောင်းသွားသည့်​လမ်း၌
ကားပိတ်​​နေ၍ taeyeon တို့ကားလည်း
ရှုပ်​​ထွေးလှ​သော ကားတန်းရှည်​ကြီးကြား
တစ်​စီးအပါအ၀င်​ဖြစ်​​နေသည်​။ seohyun​လေးကို သူမ​ပေါင်​​ပေါ်တွင်​ ထိုင်​​စေကာ
လူအုပ်​ကြီးသို့လက်​ညိုးထိုးပြ၏။

"ဆန္ဒပြတယ်​ဆိုတာဘာလဲ daddy?"

"ဆန္ဒပြတယ်​ဆိုတာ သူတို့လိုအပ်​တာ
ဒါမှမဟုတ်​ သူတို့ဖြစ်​ချင်​တာကို ထုတ်​​ပြောတဲ့သ​ဘော​ပေါ့.."

Hyunnie အရွယ်​နှင့်​ မသိနိုင်​​သေး​ပေမဲ့taeyeon သူ့သမီး​လေး၏ ​မေးခွန်း
ကို အ​ဖြေမ​ပေးဘဲ မ​နေပါ။ သူ့အတွက်
ဘယ်​​လောက်​ခက်​ခဲသည့်​​မေးခွန်းဖြစ်​​စေ၊
သူ့သမီး​မေးခွန်းတိုင်းအတွက်​ အ​ဖြေရှိသည်​။

"နားမလည်​ဘူး..Daddy!!"

Seohyun ​လေး ကားမှန်​နားကပ်​သွားကာ ထိုလူစုကို ပိုမြင်​ရ​အောင်​ အ​ရှေ့တိုးကြည့်​သည်​။ taeyeon မှာ​တော့
Seohyun ​လေးခါးကို ကိုင်​ထိန်း​ပေးကာ
သူ့သမီး​လေးကို ဖက်​ထား၏။

"Hyunnie စားချင်​တဲ့​​ဂျယ်​လီ​တွေ၊ ​ချောကလတ်​​တွေ ၊ သကြားလုံး​တွေကို
Daddy စီက ​​​တောင်းတာနဲ့အတူတူဘဲ
အသဲ​လေးရဲ့!!"

seohyun ​လေးပါးကို အတင်းနမ်း​တော့
တခစ်​ခစ်​နှင့်​ ရယ်​ကာ taeyeon ကို အတင်းဖက်​၏..

"ခ်​ခ်​ခ်​...ယားတယ်​..daddy ရဲ့!! "

"အဲ့တာဆို daddy အ​ပေါ်မှာငြိမ်​ငြိမ်​​လေးထိုင်​!! မဟုတ်​ရင်​ ရုတ်​တရက်​ကားထွက်​သွားလို့ daddy ကန်​စွန်းဥ​လေး ပြုတ်​​ကျလိမ့်​မယ်​.."

Taeyeon~ seohyun ​လေးနှာ​ခေါင်းကို
လက်​ညိုး​လေးနှင့်​ထိကာ ​ပြော၏။

"ဟုတ်​ကဲ့!! Daddy ကိုချစ်​တယ်​.."

ရင်​ခွင်​ထဲတိုးဝင်​လာကာ ၊ ချစ်​စဖွယ်​​စကား​လေး​တွေ​ပြော​နေတဲ့ သူ့သမီး​လေး​ကြောင့်​ taeyeon မပြုံးဘဲ မ​နေနိုင်​ပါ။

M I R R O RWhere stories live. Discover now