Chapter •ิ.• - 28 《 Z+U》

2.5K 253 75
                                    

"အရမ်း..အရမ်းစားလို့​ကောင်းတယ်​..!!"

Taeyeon တ​စ်​​ယောက်​ အဖွားနှင့်​ fanyပြင်​​ပေးသည့်​ ထမင်းဝိုင်း​လေးတွင်​စား​သောက်​ရင်း
ချီးကျူးသည်​။

ထူးထူးခြားခြားပြင်​ဆင်​ချက်​ပြုတ်​ထားခြင်းမဟုတ်​​သော်​လည်း အမှန်​တကယ်​taeyeon
စား​ကောင်းလွန်း၍ ​ပျော်​ရွှင်​ရသည်​။

ည​စာစားပြီးစကားစမြည်​​ပြောရန်​အဖွာိးုးအိုက
ဆန်​အရက်​နှင့်​ အိမ်​ရှေ့တွင်​ထိုင်​​စောင့်​​နေသည်​။

Taeyeon လည်းခရီးပန်း​​သော်​လည်း
မငြင်း​ကောင်း၍ ထွက်​လာခဲ့မည်​ဟု​ပြောကာ
သူတို့ညအိ​ပ်​မည့်​အိပ်​ခန်းထဲသို့ဝင်​သွားသည်​။

သစ်​သားသံတဂျွတ်​ဂျွတ်​​ကြောင့်​ ပိစိ​လေးနှစ်​​ယောက်​ကိုသိပ်​​နေသည့်​ fanyကလှဲ​နေရာမှ ထထိုင်​သည်​။

"Tae ဘယ်​သွားဦးမလို့လဲ"

သူ့အိတ်​ထဲမှာ ကြွက်​ရှာသကဲ့သို့ ​မွှေ​နေသည့်
Taeyeonမှာ​တော့ ​​ခေါင်းကုပ်​ကာ fanyကိုလှည့်​ကြည့်​သည်​။

"အဖိုးက သူနဲ့အတူတူစကား​ပြောဖို့​ခေါ်​နေလို့
အဲ့တာအပြင်​မှာခြင်​ကိုက်​တယ်​​လေ..အဲ့တာ.."

Tiffanyလည်းထသွားကာ သူကိုယ်​တိုင်
Taeyeon အား body cream လိမ်း​ပေးသည်​။

"ရပါတယ်​.."

Taeyeonတစ်​​ယောက်​အရှက်​ကြီးရှက်​​လေသည်​။

အသက်​အရသူမကြီး​သော်​လည်း..fanyက က​လေးတစ်​​ယောက်​လိုဆက်​ဆံ​နေ​တော့ မ​နေတတ်​​တော့​ချေ။ တစ်​ချိန်​က သူမရိုက်​နှက်
နှိပ်​စက်​ သမျှရသည့်​ဒဏ်​ရာများကိုလည်း
သူမထိုကဲ့သို့ ဂရုစိုက်​​ပေးပြီး..​ဆေးလိမ်း​ပေးသင့်​သည်​။ သူမလုပ်​ရက်​အ​ပေါ်တဖြည်းဖြည်း​နောင်​တရလာ၍ သူမအားဂရုတစိုက်​​ ​လက်​​ချောင်း​လေးမှအစလိမ်း​ပေး​နေသည့်​ fanyကိုစိုက်​ကြည့်​​နေမိသည်​။

*ငါ​တောင်းပန်​ပါတယ်​..*

Taeyeonစိတ်​ထဲမှစကားများကို​ပြောမထွက်​ခဲ့ပါ။

"အပြင်​မှာ​အေးတယ်​...အင်္ကျီအ​နွေးဝတ်​သွား​နော်​..!!"

Tiffany သူမအနားတွင်​ သပ်သပ်ရပ်ရပ်ေ​​​ခါက်ထားသည့်​​​​အင်္ကျီအဖြူ​လေးတစ်​အားချ​ပေးကာ က​လေးများအနားသို့ပြန်​သွားသည်​။

M I R R O RWhere stories live. Discover now